Connect with us

Videos

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ ဖော်ထုတ်နိုင်မည့် ပစ္စည်းကို ထုတ်လုပ်နိုင်ပြီ

ပေကျင်း၊ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်  (2019-nCoV)ကူးစက်ခံရမှု ရှိမရှိကို စမ်းသပ်နိုင်သည့်ပစ္စည်းအား တရုတ်နိုင်ငံ အမျိုးသားဆေးဝါးပစ္စည်းကွပ်ကဲရေးဦးစီးဌာန (NMPA) ၏ အသိအမှတ်ပြုပစ္စည်းအဖြစ် ထုတ်ပြန်လိုက်သည်။ထိုပစ္စည်းကို ချန်းရှ အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ရလဒ်ကို သိရှိနိုင်မည် ဖြစ်သည်။ ထိုကိရိယာအား ဗိုင်းရပ်စ်ဖြစ်ပွားစေသည့် nucleic acid ကို အလိုအလျောက်ခွဲထုတ်ပေးသည့်စနစ်နှင့် မိုဘိုင်းမော်လီကျူး ရှာဖွေစစ်ဆေးမှု စနစ်တို့ဖြင့်စစ်ဆေးပြီး ရောဂါဖြစ်ပွားမှုကိုအမြန်ဆုံး စစ်ဆေးဖော်ထုတ်နိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.