Connect with us

Videos

ဘဝနေဝင်ချိန်ကို ဇနီးသည်နှင့်အတူ ဖြတ်သန်းခွင့်ပြုဖို့ ဆေးရုံကို တောင်းဆိုခဲ့

ကျဲ့ကျန်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်း (Zhejiang) စီရင်စုရှိ ဆေးရုံတစ်ရုံမှာ နှလုံးရောဂါ ပြင်းထန်စွာ ခံစားနေရသည့် အသက် (၉၂) နှစ်အရွယ် အဘိုးအို ဖုန်းမင် (Feng Ming) သည် သူ၏

နောက်ဆုံးအချိန်တွင် ဇနီးဖြစ်သူ၏ လက်ကိုတွဲကာ အတူရှိနေခွင့်ရရှိဖို့ ဆေးရုံတာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။ အဘိုးနှင့် နှစ်ပေါင်း (၆၆) နှစ်ကြာ လက်တွဲခဲ့သည့် ဇနီးဖြစ်သူ

အသက် (၉၅)နှစ်အရွယ် အဘွား ကျန်းပင်(Zhang Ping) သည်လည်း အရိုးကျိုး ဝေဒနာကြောင့် ယင်းဆေးရုံမှာပင် ဆေးကုသမှု ခံယူနေရသည်။

အဘိုး၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဆေးရုံတာဝန်ရှိသူများက အဘွား ကျန်းပင်ကို အဘိုး၏ ဆေးရုံခန်းအတွင်းသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ သူတို့

နှစ်ဦးတွေ့ဆုံချိန်မှာ အဘွားက အဘိုး၏ လက်များကို ဆုပ်ကိုင်ထားပေးခဲ့သည်။ မူလက သူတို့ နှစ်ဦးလုံးကို ယင်းတို့၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ခဲ့ပေမဲ့

အဘိုးဖုန်းမင်သည် ဆေးရုံမှာပင် အဘွား၏ လက်ကို ကိုင်ဆုပ်ထားလျက် သေဆုံးသွားခဲ့သည်။

သူတို့ နှစ်ဦး၏ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအကြောင်းမှာ လူမှုကွန်ရက် တစ်ခွင် ရေပန်းစား လှုပ်ခတ်ခဲ့သည်။ အဘွားကျန်းပင်မှာ ပြန်လည်ကျန်းမာပြီး ဆေးရုံဆင်းနိုင်ခဲ့သည်။

သို့သော် ခင်ပွန်းဖြစ်သူ၏ ဓာတ်ပုံများကို အလွမ်းပြေကြည့်ကာ ဘဝ၏ ကျန်ရှိသော အချိန်များကို အထီးကျန် ဖြတ်သန်းနေရသည်ဟု သိရသည်။

“သူ့ကို နှုတ်ဆက်လိုက်ရတာ ကျွန်မအတွက် တကယ့်ကို ခက်ခဲလွန်းပါတယ်။” ဟု အဘွားက လာရောက် မေးမြန်းသူများကို ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.