Connect with us

Videos

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား ကြိုဆိုသည့် အခမ်းအနား ကျင်းပ

မန္တလေး ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) နှင့် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် တို့က ကြိုဆိုသည့် အခမ်းအနား ကို သြဂုတ်လ ၂၄ ရက်နေ့ က မန္တလေးမြို့ ကမ်းနားလမ်း ရှိ ကြင်တော်ယန် ဘုံကျောင်း တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အခမ်းအနား တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် နှင့် တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီးနောက် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် မှ ဆောင်ရွက်ခဲ့သည့် ပရဟိတ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.