Connect with us

Videos

မြောက်ကိုးရီယား နိုင်ငံ၏ ရေငုပ်သင်္ဘော ဒုံးကျည် စမ်းသပ်မှုအား ကုလသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချ

နယူးယောက် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံ၏ ရေငုပ် သင်္ဘောသုံး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံအနေဖြင့် ဘောလ်တစ် ဒုံးကျည် စမ်းသပ်မှု အသစ်များ ထပ်မံ ပြုလုပ်ခြင်း ၊ အကယ်၍ စမ်းသပ်မှုများ အောင်မြင်မှု မရသည့်တိုင် ၎င်းလုပ်ဆောင်ချက် အားလုံးသည် ကုလသဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ရာ ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုးရီးယား နိုင်ငံ၏ ဘောလ်တစ် ဒုံးကျည် စမ်းသပ်မှု မတိုင်ခင် တစ်ရက်အလို ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၅ ရက်က ကုလသမဂ္ဂ လုံခြုံရေး အဖွဲ့ဝင် ၁၅ နိုင်ငံသည် အဆိုပါ ဒုံးကျည် ပစ်လွှတ်ခြင်း စမ်းသပ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ လုံခြုံရေး ကောင်စီသည် ဆုံးဖြတ်ချက် ၅ ခုဖြင့် မြောက်ကိုးရီးယား နိုင်ငံ၏ ဒုံးကျည် နှင့် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းရန် ကြိုးပမ်းနေသည်။ နောက်ဆုံး ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယားနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ခဲ့ပြီး ၎င်းထဲတွင် မြောက်ကိုးရီးယား နိုင်ငံ၏ ပို့ကုန်များအား စစ်ဆေးခြင်း နှင့် ပိတ်ပင် တားဆီးခြင်းများ ပြုလုပ်ရေးဆိုင်ရာ အချက်များလည်း ပါဝင်သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.