Connect with us

Videos

ရန်ကုန် လျှပ်စစ်ဓာတ်အား အသုံးပြုခအား အများပြည်သူ ဝယ်သုံးနိုင်မည့် ဈေးနှုန်းဖြင့် ရောင်းချမည်

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

လျှပ်စစ်အသုံးပြုခကို အများပြည်သူ ဝယ်သုံးနိုင်မည့် ရောင်းသူဝယ်သူအသံတူသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချ သွားရန် “ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်” တွင် အစိုးရတာဝန်ရှိသူများရော ပုဂ္ဂလိက လုပ်ငန်းရှင်များပါ တစ်ညီတစ်ညွတ်တည်း ထောက်ခံ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကုန်သည်စက်မှုအသင်းချုပ်မှ ပူးပေါင်း ပါဝင်လျက် ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan တစ်ရပ် ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်အား မတ် ၃ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်သူ့ဘဏ္ဍာမှ စိုက်ထုတ်နေရခြင်း အခြေအနေနှင့် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေမရှိသည့် အခြေအနေတို့ကို ဖြေရှင်းရန်မှာ ရန်ကုန်တိုင်းလျှပ်စစ်ဓါတ်အားအသုံးပြုခကို မြှင့်တင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ခနှင့်ပတ်သက်၍ ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်wGif ဆွေးနွေးချက်များအနက် အဓိကအားဖြင့် လက်ရှိအခြေအနေနှင့် ဆီလျော်ခြင်းမရှိသော လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေး၊ ရန်ကုန်တိုင်းလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အား စွမ်းဆောင်ရည်မြင့်သည့် ကော်ပိုရိတ်လုပ်ငန်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတကာစံချိန်မှီသည့် Power Purchase Agreement ဆိုင်ရာ တိကျသည့် မူဝါဒများ ချမှတ်ကာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စသည်တို့ိကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.