Connect with us

Videos

ရွေးကောက်ပွဲကာလမတိုင်မီ နိုင်ငံတည်ငြိမ်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇွန်လ ၂၀ ရက်နေ့မှာ စတင် ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲ အခန်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ မြန်မာနိုင်ငံသည် တည်တည်ငြိမ်ငြိမ် ရှိနေရန် အလွန် အရေးကြီးကြောင်း ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

“နိုင်ငံရဲ့ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းလွဲသွားမှာကို မဖြစ်ပါစေနဲ့လို့ အဖွဲ့ချုပ်ဝင်တွေ အားလုံးကို မှာချင်ပါတယ်၊ ပြည်သူလူထုကိုလဲ ဒီကနေ တစ်ဆင့်မှာချင်ပါတယ်။

မကြာမီ ကျင်းပမည့် ၂၀၁၅ ထွေထွေ ရွေးကောက်ပွဲကိုလည်း တည်တည်ငြိမ်ငြိမ် ဖြစ်မြောက် စေလိုပြီး ရွေးကောက်ပွဲကျင်းပပြီး ကာလများတွင်လည်း တည်တည်ငြိမ်ငြိမ်နှင့် ပြည်သူများ၏ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပေးနိုင်မည့် ကာလတစ်ခုကို တိုးတက် စေလိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြုလုပ်ရာတွင် တစ်ဦးတစ်ယောက် အောင်နိုင်ရေးကို မလုပ်ဘဲ နိုင်ငံအောင်နိုင်ရေး၊ ဒီမိုကရေစီ အောင်နိုင်ရေးကိုသာ လုပ်ဆောင်ရမည် လို့ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

(NLD) ရဲ့ ဗဟို ကော်မတီ အစည်းဝေးကို ၂၁ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.