Connect with us

Videos

အမိမြေအုပ်ချုပ်မှု ဟောင်ကောင် ပြန်လည်ရောက်ရှိမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲများ ကျင်းပ

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမိမြေတရုတ်နိုင်ငံအုပ်ချုပ်မှုလက်အောက်သို့ို့လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိမှု နှစ် ၂၀ ပြည့်မြောက်သည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ အား တိုကျိုမြို့တွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် အမိမြေအုပ်ချုပ်မှုလက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဓါတ်ပုံပြပွဲများကို အင်ဒိုနီရှားနိုင်ငံ ဂျာကာတာ၊ ဂျာမနီနိုင်ငံ ဘာလင်၊ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို တို့တွင်လည်းအသီးသီးပြသခဲ့သည်။ အဆိုပါ ဓာတ်ပုံပြပွဲများ၌ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်ကစ၍ အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိခြင်း သမိုင်းကြောင်းဆိုင်ရာ ကာလများ၊ ဟောင်ကောင်၏ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ စသည်တို့အား မှတ်တမ်းတင်ထားသော ဓာတ်ပုံ အများအပြား ပြသထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.