Connect with us

Videos

အာဂျင်တီးနားပျောက်ဆုံးရေငုပ်သင်္ဘောအားဆက်လက်ရှာဖွေလျက်ရှိ

ဗြူနိုအေးရိ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အာဂျင်တီးနားရှိ ရေငုပ်သဘောၤ ARA San Juan, ပျောက်ဆုံးသွားခဲ့သည်မှာ အချိန် ၁ပတ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ယခုအချိန်အထိ ရှာဖွေရေးလုပ်ငန်းများ ကို ခက်ခက်ခဲခဲ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ သင်္ဘောပေါ်တွင် အမှုထမ်းပေါင်း ၄၄ ဦး ပါဝင်လိုက်ပါသွားကာ သဘောၤလျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ကြောင့် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းကောက်ချက်ချမှုများလည်းရှိသည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့က ရေအောက်ရှိ အသံတချို့အား ARA San Juan သင်္ဘောဆီမှ ထွက်ပေါ်ခြင်းဖြစ်ကြောင်း ခန့်မှန်းခဲ့သော်လည်း ထိုအသံများမှာ သင်္ဘောဆီမှ မဟုတ်ကြောင်း အာဂျင်တီးနားရေတပ်မှပြောခွင့်ရပုဂ္ဂိုဟ် Enrique Balbi က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ထိုပျောက်ဆုံးသင်္ဘောကို လေယာဉ်များ၊ သင်္ဘောများ၊ ရေအောက်အသံလှိုင်းရှာဖွေရေးကိရိယာများ ဖြင့် ဘရာဇီး၊ ချီလီ၊ ဥရုဂွေး၊ ပြင်သစ်၊ ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းကာ အပူတပြင်းရှာဖွေ လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.