Connect with us

Videos

ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့မှ စောင့်ကြည့် လေ့လာရာ တွင် မည်သူ တစ်ဦး တစ်ယောက်၏ ညွှန်ကြားချက် ၊ စေခိုင်းမှုများ ကို မှ လက်ခံမည် မဟုတ်ဘဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပေါ်တွင်လည်း ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ရန်ကုန်မြို့၌ အောက်တိုဘာ ၂၀ ရက် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့၏ လေ့လာ ရေးမှူးချုပ် Alexander Graf Lambsdorff ၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိကြီးများ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၊ နိုင်ငံရေး သမားများ ၊ ကိုယ်စားလှယ် လောင်းများ ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာသူများ ၊ စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်မည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။
ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့သည် ကြိုတင်ဆန္ဒမဲ ပေးခြင်းများကို အချို့သော မဲဆန္ဒနယ်များတွင် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။တပ်မတော်သား မဲဆန္ဒရှင်များသည် ကြီးမားသည့် ပမာဏ အရေအတွက် ရှိနေသည့် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်အရ တပ်မတော် မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲပေးမှုများကို စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး အရ အရေးကြီးသည့် နေရာမှ လွဲ၍ ကျန်သည့် နေရာများသို့လွတ်လပ်စွာ သွားရောက်လေ့လာခွင့်ပြုရန် သဘောတူထားကြောင်း သိရသည်။
ထိုပြင် ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့မှ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်ပြီး ကနဦး တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိပြီး လအနည်းငယ် အကြာတွင် အနာဂတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများအတွက် အကြံပေး တင်ပြချက်များ ပါဝင်သည့် အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။
ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့သည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံ အပြင် နော်ဝေ ၊ ဆွစ်ဇာလန် နှင့် ကနေဒါမှ စုစုပေါင်း လေ့လာသူ ၁၅၀ ဦးခန့်ကို မြန်မာနိုင်ငံ တစ်ဝန်းသို့စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.