Connect with us

Videos

၄ နှစ်အရွယ် သမီးငယ် နှင့်  ကီလိုမီတာ လေးထောင် အကွာအဝေးရှိ တိဘက်ဒေသအထိ စက်ဘီးနင်းသွားခဲ့သည့် ဖေဖေ

တိဘက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အသက် နှစ် အရွယ် Douduo ဆိုသည့် ကလေးမလေးသည် ကီလိုမီတာ လေးထောင်အကွာအဝေးရှိ တိဘက်ဒေသသို့ ဖခင်နှင့်အတူ စက်ဘီးတစ်စင်းဖြင့်ရောက်ရှိလာခဲ့သည်။ ကလေးမလေး၏ ဖခင်မှာ အသက် ၂၆ နှစ်အရွယ် Dou Haobei ဖြစ်ပြီး ကွမ်တုန်းပြည်နယ်တွင် အဝတ်အထည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည်။

လွန်ခဲ့သည့် ၆နှစ်က Dou မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသသို့ စက်ဘီးနင်းကာ သွားလာခဲ့ဖူးပြီး တစ်နေ့တွင် ထိုနေရာသို့ ထပ်မံသွားရောက်ရန်ဆန္ဒရှိခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ၎င်းတို့ မိသားစုဘဝ အလှည့်အပြောင်းများကြုံတွေ့ခဲ့ရပြီး Dou အထည်ဆိုင်မှာလည်း အရောင်းပါးခဲ့သည်။

ထို့ပြင် သမီးဖြစ်သူမှာလည်း မူကြိုကျောင်းများပိတ်ထားသဖြင့် ကျောင်းမသွားနိုင်ခဲ့ပေ။ ထို့ကြောင့် Douသည် သမီးဖြစ်သူကိုခေါ်ကာ တိဘက်ဒေသ သို့ တဖန် သွားရောက်မည့် ၎င်း အိပ်မက်ကိုအကောင်အထည်ဖော်ခဲ့သည်။  

စက်ဘီးနောက်တွဲယာဉ်တစ်စင်းနှင့် drone တစ်စင်းကိုဝယ်ယူခဲ့ကာ စတင်ခရီးနှင်ခဲ့သည်။ ၎င်းတို့နေထိုင်ရာ Dongguan မြို့နှင့် တိဘက်ဒေသ၏ မြို့တော် လာဆာမြို့ထိ စက်ဘီးဖြင့် ၇၂ ရက်ကြာ သွားခဲ့ရသည်။ လမ်းခရီးတစ်လျှောက် ကွမ်တုန်း၊ ကွမ်ရှီး၊ယူနန် နှင့် တိဘက်ပြည်နယ်များကို ဖြတ်သန်းခဲ့ရသည်။

Dou သည် ခရီးစဉ်တစ်လျှောက် အမှတ်တရများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ပုံမှန်တင်ကာ မှတ်တမ်းအဖြစ်သိမ်းဆည်းခဲ့သည်။

လူအချို့က အမြင့်ပိုင်းဒေသ၏ ရာသီဥတုကြောင့် အသက် နှစ်သာရှိသေးသည့် သမီးငယ်လေး နာမကျန်းဖြစ်မည်ကိုစိုးရိမ်ကြသည်။

Dou သည် ပတ်ဝန်းကျင်ပြောသမျှကို ဂရုစိုက်မနေဘဲ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံများက သမီးငယ်လေးကို ရင့်ကျက် တည်ငြိမ်စေမည်ဟု ယုံကြည်ခဲ့သည်။ ၎င်းက ယခုခရီးစဉ်မှတစ်ဆင့် သမီးငယ်လေးအတွက် အတိုင်းအဆမရှိသော အခွင့်အလမ်းများစွာ အတွေ့အကြုံများစွာကို ရရှိစေလိုချင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.