Connect with us

Videos

AMOLED နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် မျက်နှာပြင် ပါသည့် နောက်ဆုံးပေါ်နည်းပညာမြင့် မော်တော်ယာဉ်ပြသ

ဟေပေ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေပြည်နယ် ရှီးကျားကျွမ်းတွင် ကျင်းပလျက်ရှိသည့် 2019 China International Digital Economy Expo တွင် AMOLED နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် မျက်နှာပြင်များ  တပ်ဆင်ထားသည့်  နောက်ဆုံးပေါ်နည်းပညာမြင့် မော်တော်ယာဉ် ကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း သိရသည်။ 

ပြပွဲ တာဝန်ခံတစ်ဦးဖြစ်သည့် Yin Luxing က “ဒီကားက ကျွန်တော်တို့ ကုမ္ပဏီ  ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး ကားအမျိုးအစားဖြစ်ပါတယ်။အနာဂတ်မှာဆိုရင် မော်တော်ယာဉ်တွေဟာ သယ်ယူ ပို့ဆောင်ဖို့သက်သက်တင် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ နှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများအတွက် လည်း အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်လာမှာဖြစ်ပါတယ်။စတီယာရင်ဘီးမှာရော ကား ရဲ့ stack မှာရော အတွင်းခန်းတစ်ခုလုံးနီးပါးမှာပါ AMOLED နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် မျက်နှာပြင်များ  ကို တပ်ဆင်ထားပါတယ်။ ဒါဟာ ယာဉ်မောင်းများအတွက် အတွေ့အကြုံအသစ်တွေကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ စတီယာရင်ဘီးမျက်နှာပြင်က ရာသီဉတုအခြေအနေများကို ဖော်ပြပေးမှာဖြစ်ပြီး စတီယာရင်ဘီးအနောက်က မျက်နှာပြင်မှာတော့ လမ်းညွှန်မြေပုံကိုဖော်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ က ယာဉ်ရဲ့ ဂီယာဘောက်စ်မှာပါ မျက်နှာပြင်ထည့်သွင်းပေးထားပြီး ကားမျက်ကွယ်မှ ထိခိုက်မှုများကိုရှောင်ရှားနိုင်ဖို့ ကားအတွင်းဘောင်တွေမှာလည်း မျက်နှာပြင်များကို ထည့်သွင်းထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.