Connect with us

Videos

ရုရှား Su-34 တိုက်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ အရေအတွက် ၁၃ ဦးထိ မြင့်တက်လာ

မော်စကို ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ရုရှား Su-34 တိုက်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၃ ဦးထိ ရှိလာပြီဖြစ်ကြောင်း TASS သတင်းအေဂျင်စီက အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနအား ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြရာတွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများက ရုပ်အလောင်း ၁၀ လောင်းအား တွေ့ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ကလေးငယ် ၃ ဦးအပါအဝင် ၁၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးကိုဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ဆောင်စဉ်အတွင်း လူ ၆၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ၃၆၀ ဦးကိုမူဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

အစောပိုင်းဖော်ပြမှုများအရ ယင်းတိုက်လေယာဉ်သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်းမှ လေ့ကျင့်ပျံသန်းလာစဉ်အတွင်း အမြင့်သို့ ပျံတက်နေစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်မှူးမှာ ပျက်ကျမှုမဖြစ်ပွားမီ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျံတက်နေစဉ်အတွင်း အင်ဂျင်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်အမှုထမ်းက သတင်းပေးပို့ခဲ့သည်။ ယင်းလေယာဉ်သည် မီးလောင်ခဲ့ပြီး အနီးဝန်းကျင်ရှိ ၉ ထပ် လူနေအဆောက်အအုံတစ်လုံးအား ကူးစက်ပျံ့နှံသွားခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် တိုက်ခန်းတွဲ ၁၇ ခု ပျက်စီးသွားခဲ့ပြီး မီးလောင်မှုသည် ဧရိယာ ၂,၀၀၀ စတုရန်းမီတာအထိ ရောက်ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ရုရှားအာဏာပိုင်များက လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————–
Death toll rises to 13 in Russian Su-34 fighter jet crash
The death toll caused by the crash of a Russian Su-34 fighter jet has risen to 13, TASS news agency reported on Monday.
Citing the Ministry of Emergency Situations, TASS reported that rescuers found 10 more bodies at the scene of the accident, raising the death toll to 13, including three children. Nineteen others were injured and sent to hospital for treatment. During the rescue process, 68 people were rescued, and 360 people were evacuated to safety.
Earlier reports said the aircraft collapsed while it was gaining altitude during a training flight from an airfield of the Southern Military District, and the pilots were able to eject safely before the crash.
The crew had reported that an engine caught fire during take-off. TASS reported that the plane burst into flames, spreading to a nine-story residential building nearby.
It also said that the accident caused damage to 17 apartments, with the fire reaching an area of 2,000 square meters. Russian authorities have launched an investigation into the cause of the accident.
Xinhua News Agency correspondents reporting from Moscow.
(XHTV)