Connect with us

Videos

ကယ်ရီလမ်း က ဆဋ္ဌမအကြိမ်မြောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရဖွဲ့စည်းရန် ဂျွန်လီအား အလုံးစုံပံ့ပိုးပေးမည်ဟု ဆို

ဟောင်ကောင်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက လက်ရှိ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် ဂျွန်လီအားဆဋ္ဌမ အကြိမ်မြောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရဖွဲ့စည်းရန် လိုအပ်သည့်အကူအညီအထောက်အပံ့များအားလုံးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မေ ၉ ရက်က ပြောကြားခဲ့သည်။

လမ်း က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရရန်လိုအပ်သည့် မဲအရေအတွက် ၇၅၀ မဲကို ကျော်လွန်ကာ ထောက်ခံမဲအရေအတွက် ၁,၄၁၆ မဲရရှိခဲ့ သည့် ဆဋ္ဌမအကြိမ်မြောက် အုပ်ချုပ်ရေးမှူးအဖြစ်ရွေးကောက်တင်မြှောက်ခံရသည့် လီ နှင့်အစည်းအဝေးပြုလုပ်ပြီးနောက် မီဒီယာနှင့်တွေ့ဆုံစဉ် ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသည် တတိယအကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ်ကျင်းပသည့်ရွေးကောက်ပွဲဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲစနစ် ကောင်းမွန်အောင် မြှင့်တင်မှုများလုပ်ဆောင်ပြီးနောက် ကျင်းပသည့် အဓိက အရေးပါသည့် ရွေးကောက်ပွဲ ၃ ခု ၏ ပထမအကျော့ဖြစ်ကြောင်းနှင့်ထိုရွေးကောက်ပွဲမှာ အလွန်အရေးကြီးသည့်အခမ်းအနားဖြစ်ကြောင်း လမ်းက ပြောကြားခဲ့သည်။

ဗဟိုအစိုးရအာဏာပိုင်များအနေဖြင့် ဟောင်ကောင်ဒေသ၏ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းကာ အကောင်အထည်ဖော်ဆောင်ခဲ့သည့်အပြင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲစနစ် တိုးတက်ကောင်းမွန်စေရန်လုပ်ဆောင်ကာ ဟောင်ကောင်ကို တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိစေရန်အချိန်မီကူညီဆောင်ရွက်ပေးခဲ့သောကြောင့် သူ(မ) အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Carrie Lam က“ ဒီအစိုးရသက်တမ်းရဲ့လက်ကျန် ကာလတွေမှာ ကျွန်မတို့အနေနဲ့ လီအတွက် အစိုးရသစ်တစ်ရပ်ကို ပုံဖော်ရာမှာလိုအပ်တဲ့အထောက်အပံ့အားလုံးကို ပံ့ပိုးပေးမှာဖြစ်ပြီး ဒါဟာ အစိုးရဖွဲ့စည်းပုံတစ်ခုကိုပြန်လည်ဖော်ဆောင်ရေးမှာ အများဆုံးဆွေးနွေးရတဲ့အကြောင်းအရာဖြစ်ပါတယ်” ဟုဆိုသည်။

သူ(မ) က လက်ရှိ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် ဟောင်ကောင်ဒေသခံများ ပုံမှန်ဘဝ နေထိုင်မှုကိုမကြာမီပြန်လည်ရရှိစေရန် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

လီကအစည်းအဝေးအတွင်း မကြာမီ အုပ်ချုပ်ရေးမှူးအလွှဲအပြောင်းကာလနှင့်ပတ်သက်၍ နှစ်ဦးသားဆွေးနွေးခဲ့ကြကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။ဆင်ဟွာသတင်းထောက်များက ဟောင်ကောင်မှသတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)
—————————-
(English Version)
Carrie Lam says to render all assistance, support to John Lee in forming six-term HKSAR gov’t
Chief Executive of the Hong Kong Special Administrative Region (HKSAR) Carrie Lam said on Monday that the current-term HKSAR government will render all the necessary assistance and support to John Lee in forming the six-term HKSAR government.

Lam made the remarks at a media session after meeting Lee, HKSAR’s six-term chief executive designate, who won a total of 1,416 votes, surpassing the threshold of 750 votes to win the chief executive election of the HKSAR on Sunday.

Lam said HKSAR’s sixth-term chief executive election was the third, and the final, of the first round of three major elections since the improvement to the HKSAR’s electoral system, and thus was a very important occasion.

Lam said she is grateful to the central authorities for taking timely measures to help Hong Kong restore stability, with the enactment and implementation of the national security law in Hong Kong, and with the improvements to the HKSAR’s electoral system.

SOUNDBITE (Cantonese): CARRIE LAM, HKSAR Chief Executive
“In the remaining days of this term of government, we will render Lee every assistance that he needs to form a new government, including, of course, the much talked-about reorganization of the government structure.”

She added that the current-term HKSAR government will continue to fight the COVID-19 pandemic to enable Hong Kong residents to return to normal life as soon as possible.

Lee told the media session that the duo discussed on the upcoming transition during the meeting.

Xinhua News Agency correspondents reporting from Hong Kong, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.