Connect with us

Videos

ယူကရိန်းသမ္မတ နှင့် အမေရိကန် ဝန်ကြီးများယူကရိန်းနိုင်ငံသို့ပေးအပ်မည့် အထောက်အပံ့များ နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့

ကိဗ်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး သည် ယူကရိန်းနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် နှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့နှင့် ကိဗ်မြို့တွင်တွေ့ဆုံခဲ့ပြီး ယူကရိန်းနိုင်ငံသို့အမေရိကန်နိုင်ငံမှပေးအပ်မည့် အထောက်အပံ့များနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံး က ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။နှစ်ဖက်ခေါင်းဆောင်များသည် ကာကွယ်ရေးအထောက်အပံ့များ၊ ရုရှားသို့ ဒဏ်ခတ်ပိတ်ဆို့မှုများ တင်းကြပ်စွာလုပ်ဆောင်ရန်ကိစ္စများနှင့် ယူကရိန်းနိုင်ငံအတွက် ဘဏ္ဍာရေးအထောက်အပံ့များ နှင့် လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံး ဝက်ဘ်ဆိုဒ် မှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင်ပါရှိသည်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက်ကာကွယ်ရေးအထောက်အပံ့ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံဖိုးကို ထောက်ပံ့ပေးခဲ့ပြီး ၎င်းမှာ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို တိုးတက်စေရာ၌ ကြီးမားသည့်အထောက်အပံ့ဖြစ်စေကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဘဏ္ဍာရေးအထောက်အပံ့များအကြောင်းပြောရာတွင် ဇယ်လန်းစကီးက အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအပေါ် ပဋိပက္ခ ကျော်လွန်ကာ ပြန်လည်ထူထောင်ရေးကာလတွင်လည်းကူညီပေးနိုင်ရန်နှင့် အမေရိကန်နိုင်ငံ၏ ဈေးကွက်အတွင်း ယူကရိန်းနိုင်ငံ၏ ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုရန် မျှော်လင့်ထားကြောင်းဆိုသည်။

ထို့အပြင် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား ပိုမိုအားကောင်းလာစေရန် အမေရိကန်ဘက်သို့ လွှဲပြောင်းရာ၌လည်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြင့်လုပ်ဆောင်ရန် ဇယ်လန်းစကီးက ထပ်မံပြောကြားခဲ့သည်။
ဘလင်ကန် နှင့် အော်စတင်တို့သည် ယူကရိန်းနိုင်ငံ ကိဗ် မြို့ သို့ ဧပြီ ၂၄ ရက်တွင်ရောက်ရှိခဲ့ကြောင်း မီဒီယာများကဖော်ပြထားသည်။ (Xinhua)

……………………..
(English Version)
GLOABLink | Ukrainian president, top U.S. officials discuss assistance for Kiev
KIEV, April 25 (Xinhua) — Ukrainian President Volodymyr Zelensky and visiting U.S. Secretary of State Antony Blinken and U.S. Defense Secretary Lloyd Austin met in Kiev to discuss Washington’s assistance for Ukraine, the presidential press service said Monday.
The parties discussed defense assistance, strengthening sanctions on Russia, financial support for Ukraine and security guarantees, according to a statement on the Ukrainian presidential website.
The United States has provided 3.4 billion U.S. dollars in defense support for Ukraine, marking the largest contribution to strengthening Ukraine’s defense capabilities, according the statement.
While speaking on the financial assistance, Zelensky voiced hope that the United States would help Ukraine in the post-conflict recovery and facilitate the access of Ukrainian goods to the U.S. market.
Zelensky also called for more sanctions against Russia, while handing over to the American side the Action Plan to strengthen sanctions on the country.
Blinken and Austin arrived in Kiev on Sunday, according to media reports. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.