Connect with us

Videos

ယီမင်နိုင်ငံရှိ စစ်ဖြစ်နေသည့်အုပ်စုများ၏ ပမာဏအများဆုံး အကျဉ်းသားလဲလှယ်မှု ပြီးဆုံး

ဆာနာ ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ၌ ရှည်ကြာနေသည့် တိုက်ပွဲ ဖြေရှင်းရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အနေဖြင့် နိုင်ငံအတွင်းရှိ စစ်ဖြစ်ပွားနေသည့် အုပ်စုများက သုံးရက်ဆက်တိုက် ထိန်းသိန်းခံထားရသူ ၈၈၇ ဦးအား လဲလှယ်ခြင်းနှင့်အတူ ဧပြီ ၁၆ ရက်တွင် အကျဉ်းသား အများအပြား လဲလှယ်မှုသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ယီမင်အစိုးရအဖွဲ့မှ ညှိနှိုင်းရေးကော်မတီ ခေါင်းဆောင် Yahya Kazman က ယီမင်နိုင်ငံ အလယ်ပိုင်း Marib မြို့ Tadween လေဆိပ်နှင့် Sanaa လေဆိပ်၌ ကြက်ခြေနီ လေကြောင်းပျံသန်းမှု သုံးကြိမ်တစ်ပြိုင်နက် ရောက်ရှိလာခြင်းဖြင့် အကျဉ်းသားလဲလှယ်မှု တတိယ နှင့် နောက်ဆုံးအသုတ်က ဧပြီ ၁၆ ရက်တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
Yemen’s warring factions conclude large-scale prisoners swap
In a significant step toward resolving the protracted conflict in Yemen, the country’s warring factions successfully completed a massive exchange of prisoners on Sunday, with a total of 887 detainees swapped over three consecutive days.
Yahya Kazman, chief of the negotiation committee from the internationally-recognized Yemeni government, said the third and final batch of the swap took place successfully on Sunday, with the arrival of three simultaneous Red Cross flights at the airport of Sanaa and the airport of Tadween in Marib, central Yemen.
Xinhua News Agency correspondents reporting from Sanaa.(XHTV)