Connect with us

Videos

ဟိမဝန္တာလေကြောင်းလိုင်းက ခတ္တမန္ဒူ-ရှန်ဟိုင်း လေကြောင်းခရီးစဉ် စတင်

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဟိမဝန္တာ လေကြောင်းလိုင်းက နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ရှန်ဟိုင်းမြို့သို့ ပထမဆုံးလေယာဉ်ခရီးစဉ်အား ဒီဇင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ခရီးသည် ၁၄၁ ဦး လိုက်ပါသွားသော H9780 လေယာဉ်သည် ရှန်ဟိုင်းမြို့သို့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပျံသန်း ထွက်ခွာသွားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ခတ္တမန္ဒူမြို့သို့ ခရီးသည် ၉၅ ဦး လိုက်ပါကာ ပြန်လည်ထွက်ခွာရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းလိုင်းက အပတ်စဉ် စနေနေ့တိုင်း A320 လေယာဉ်ဖြင့် ခတ္တမန္ဒူမြို့မှ ရှန်ဟိုင်းမြို့သို့ အသွား/အပြန် ခရီးစဉ် ပြေးဆွဲသွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ တစ်ပတ်လျှင် လေယာဉ်ခရီးစဉ်နှစ်ကြိမ် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

————————–
Himalaya airlines starts Kathmandu-Shanghai flight
Himalaya Airlines on Saturday launched its inaugural flight from the Nepali capital of Kathmandu to Shanghai, China’s economic hub.
The H9780 flight took off in the morning with 141 passengers aboard, and the H9781 flight is scheduled to return to Kathmandu with 95 passengers onboard in the evening.
The airlines is operating a round trip from Kathmandu to Shanghai on an A320 plane every Saturday, while two flights have been scheduled per week from Dec. 20 to Jan. 27, 2024.
Xinhua News Agency correspondents reporting from Kathmandu.(XHTV)