Connect with us

Videos

အာဆီယံအပေါင်းသုံးနိုင်ငံများ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မည်

ဗီယင်ကျန်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

၂၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံ ခရီးသွားဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ သတင်းအချက် အလက်များ ဖလှယ်ခြင်းနှင့် မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Suanesavanh Vignaket နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Wang Chang တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါအစည်းအဝေးပွဲတွင် တရုတ်နိုင်ငံက အဖွဲ့အစည်းအားလုံးနှင့် ဆက်သွယ်မှု အားကောင်းစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်သို့ ပူးပေါင်းမြှင့်တင်သွားရန် အသင့်ရှိကြောင်း တရုတ်သံရုံး တာဝန်ခံ ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
——————————-
ASEAN Plus Three countries to boost tourism cooperation
The 23rd meeting of the Association of Southeast Asian Nations, China, Japan and South Korea (APT) Tourism Ministers was held in Vientiane, the capital of Laos, on Friday to exchange and share information on the tourism sector.
The meeting was co-chaired by Lao Minister of Information, Culture and Tourism Suanesavanh Vignaket, and Wang Chang, charge d’affaires of the Chinese embassy in Laos.
Speaking at the meeting, Wang said China is ready to strengthen communication with all parties, advance practical cooperation and jointly promote regional tourism cooperation to a higher level.
Xinhua News Agency correspondents reporting from Vientiane. (XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.