Connect with us

Videos

တိဘက်ရိုးရာအမွှေးတိုင် ၂ဝ၁၆ ခုနှစ် Red Dot ဒီဇိုင်းဆုရ

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကာလာချက်ကရာ တိဘက် အမွေးတိုင်သည် တရုတ်နိုင်ငံတွင်ကျင်းပသည့် ၃ကြိမ်မြောက် တရုတ် တိဘက် အပြည်ပြည်ဆိုင်ရာ ခရီးသွားနှင့်ယဉ်ကျေးမှု ပြပွဲတွင် လာရောက်ကြည့်ရှုသူများ၏ စိတ်အာရုံကို များစွာဖမ်းစားသွားနိုင်ခဲ့သည်။ ထို့အပြင် ထိုအမွှေးတိုင်သည် 2016 ခုနှစ် Red Dot ဒီဇိုင်းဆုကိုပါဆွတ်ခူးနိုင်ခဲ့သည်။

Red Dot ဆုသည် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းလောကတွင် အထူးထင်ရှားသောဆုတစ်ခုဖြစ်ပြီး တိဘက်ဒေသထွက်ကုန်ပစ္စည်းများတွင် ယခုကဲ့သို့ ဒီဇိုင်းဆုရရှိခြင်းမှာ ပထမဆုံးလည်းဖြစ်သည်။ ဒီဇိုင်းဆုအပြင် ကာလာချက်ကရာတိဘက်အမွှေးတိုင်သည် ၄ကြိမ်မြောက် တိဘက် ခရီးသွားအဖွဲ့အစည်းပြိုင်ပွဲ က ပေးအပ်သည့် ဆုတစ်ခုကိုလည်းဆွတ်ခူးထားနိုင်ခဲ့သည်။

အဆိုပါ တိဘက်အမွှေးတိုင်သည် ဟိမဝန္တာရိုးရာ ထွက်ကုန်ပစ္စည်းများကို အချိုးကျစွာပေါင်းစပ် ထုတ်လုပ်ထားသည့် ပစ္စည်းဖြစ်ပြီး တိဘက်ရိုးရာ အမွှေးတိုင် ၏ ရှည်လျားလှသော သမိုင်းကြောင်းကိုလည်းထင်ဟပ်ပြသသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.