Connect with us

Videos

ဘောလုံးကွင်း ၆၆ ကွင်းစာ ပမာဏရှိသည့် xionganမြို့သစ်ရှိ ရထားဘူတာကို ၂၀၂၀ ခုနှစ်တွင်အသုံးပြုနိုင်မည်

ဟဲပေ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေမြို့တွင် တည်ဆောက်နေသည့်  xiongan ရထားဘူတာ ၏ မြေအောက် အုတ်မြစ် ကို  စတင်တည်ဆောက်နေပြီဟုသိရသည်။ xiongan ရထားဘူတာမှာ အကျယ်အဝန်းအားဖြင့် ဘောလုံးကွင်း ၆၆ ကွင်းစာ ပမာဏရှိပြီး xionganမြို့နှင့် ပေကျင်းမြို့တို့ကို ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်း အတွက် ဖြစ်သည်။ ၎င်း ဘူတာကြီးကို တည်ဆောက်ပြီးစီးပါက ထိုရထားလမ်းပိုင်း၏ အကြီးဆုံး ဘူတာသစ်ကြီးတစ်ခုဖြစ်လာမည်ဟုသိရသည်။  xiongan ဘူတာတည်ဆောက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အပြင် အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ဆောက်လုပ်ခြင်းဖြစ်သည်။ ဘူတာ၏ အမိုးမှာ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၁သိန်းရှိမည်ဖြစ်ပြီး ၎င်းကို ဆိုလာအပြားများနှင့် ဖုံးအုပ်တပ်ဆင်မည်ဖြစ်သည်။ ထို ဆိုလာပြားများမှ ရရှိသည့် လျှပ်စစ်စွမ်းအင်မှာ ဘူတာ၏ လျှပ်စစ်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံက ဟဲပေပြည်နယ်တွင်  xiongan မြို့သစ်ကို တည်ဆောက်ရန် ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့ပြီး ၎င်းမြို့သစ်တွင် ပေကျင်းမြို့တွင် မပါဝင်သည့် မြို့အင်္ဂါရပ်များကိုလည်းတစ်ဖြည်းဖြည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။ xiongan ရထားဘူတာကို လာမည့် ၂၀၂၀ ခုနှစ်တွင် အသုံးပြုနိုင်ရန် လျာထားကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.