Connect with us

မြန်မာ-中文

ဆီးရီးယားတွင် “နိုင်ငံတစ်ဝှမ်းအချုပ်အခြာအာဏာပြန်လည်သိမ်းပိုက်ရန်” ဆက်လက်ကူညီသွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ပြော

ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ် Daraa မြို့တွင် ဆီးရီးယားအလံ လွှင့်ထူထားသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assad က ဖေဖော်ဝါရီ ၁၅ ရက်တွင် နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး SergeiShoigu နှင့် တွေ့ဆုံခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။ဆီးရီးယားနိုင်ငံတစ်ဝှမ်းလုံးကို အချုပ်အခြာအာဏာပြန်လည်သိမ်းပိုက်နိုင်ရန်နှင့် ဆီးရီးယားပြည်သူများအား ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးဝါးသည့်သက်ရောက်မှုများမှ ကျော်ဖြတ်နိုင်ရန် ရုရှားနိုင်ငံက ကူညီပေးသွားမည်ဟု Shoigu က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ အကြောင်းအရာများတွင် ဆီးရီးယားနှင့် ရုရှားနှစ်နိုင်ငံ စစ်တပ်များကြား ပူးပေါင်းဆောင်ရွက်ရေး အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စရပ် များ ပါ၀င်ကြောင်း သိရသည်။ Shoigu သည် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ Tartus ဆိပ်ကမ်းမှ စတင်သော ရုရှားနိုင်ငံ၏ ရေတပ်လေ့ကျင့်မှုအခြေအနေနှင့် ပတ်သက်၍ Bashar အား အကျဉ်းချုပ် ရှင်းလင်း ပြောကြားခဲ့သည်။ ရုရှားက ဆီးရီးယားအား နယ်မြေတစ်ခုလုံးအပေါ် အချုပ်အခြာအာဏာပြန်လည်ရယူပြီးသည့်အချိန်အထိ ဆီးရီးယားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် တရားမျှတမှုမရှိသော ဒဏ်ခက်မှုများ၏ သက်ရောက်မှုများကို ခံစားနေရသော ဆီးရီးယားပြည်သူများအား ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်ရှိ နေအိမ်များသို့ ပြန်လာနေကြသည့် ပြည်သူများအား စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်ရှိ နေအိမ်များသို့ ပြန်လာနေကြသည့် ပြည်သူများအား စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ဆီးရီးယားနိုင်ငံ အစိုးရ၏ တောင်းဆိုချက်အရ ရုရှားစစ်တပ်က ဆီးရီးယားရှိ Khmeimim လေတပ်အခြေစိုက်စခန်တွင် တပ်စွဲခဲ့ပြီး ဆီးရီးယားရှိ အစွန်းရောက်အဖွဲ့အစည်းများအား တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရကို ကူညီခဲ့ကြောင်း ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ဆီးရီးယားမှ ရုရှားစစ်တပ်များ ရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း အချို့ရုရှားတပ်ဖွဲ့ဝင်များက Khmeimim လေတပ်စခန်းနှင့် Tartus ရေတပ်စခန်းတို့တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)俄国防部长表示将继续帮助叙方“在全境收回主权”

2022-02-16 23:16:26 分类: 政治法律
新华社大马士革2月16日电(记者汪健 郑一晗)据叙利亚通讯社报道,叙利亚总统巴沙尔15日会见了到访的俄罗斯国防部长绍伊古。绍伊古表示,俄方将继续帮助叙方“在全境收回主权”,并帮助叙人民克服制裁和封锁带来的影响。

报道说,会谈内容涉及叙俄两军合作,“尤其是反恐议题”。绍伊古向巴沙尔介绍了俄军舰队自叙西北部塔尔图斯港开始的海上演习情况。绍伊古强调,俄方将继续和叙方合作,直至叙“在全境收回主权”,俄方还将继续帮助叙人民克服“制裁和对叙施加的不公正封锁”的影响。

2015年9月,应叙利亚政府请求,俄军入驻叙利亚赫迈米姆空军基地,帮助叙政府军打击叙境内极端分子。2017年12月,俄总统普京宣布从叙利亚撤军,但部分俄军继续驻留赫迈米姆空军基地和塔尔图斯海军基地。(完)

图说1- 9月8日,叙利亚国旗在南部德拉省德拉市拜莱德区飘扬。新华社发(阿马尔•萨法尔贾拉尼摄)

图说2- 9月9日,在叙利亚南部德拉省的德拉市,因躲避战乱而背井离乡的居民返回家园。新华社发(阿马尔•萨法尔贾拉尼摄)

图说3- 9月9日,在叙利亚南部德拉省的德拉市,因躲避战乱而背井离乡的居民返回家园。新华社发(阿马尔•萨法尔贾拉尼摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.