Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီရန်နိုင်ငံ သမ္မတ ပါဇက်ရှ်ကီရမ်တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီရန်နိုင်ငံ သမ္မတ ပါဇက်ရှ်ကီရမ်တို့ ရုရှားနိုင်ငံ ကာဇန်မြို့၌ ကျင်းပသော BRICS ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်သည့်ကာလ ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကာဇန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ကာဇန်မြို့၌ ကျင်းပသော BRICS ခေါင်းဆောင်များအစည်းအဝေး တက်ရောက်သည့်ကာလ ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် အီရန်နိုင်ငံ သမ္မတ ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ရှီကျင့်ဖိန်က အီရန်သည် ဒေသတွင်းနှင့် နိုင်ငံတကာ သြဇာလွှမ်းမိုးမှုတွင် အရေးပါသော နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းလည်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ကမ္ဘာကြီး၏ ရာစုနှစ် အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲပြောင်းလဲလာသည့် နောက်ခံအခြေအနေတွင် တရုတ်-အီရန် ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ်သည် ပို၍ပင် ထင်ရှားလာခဲ့ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မယိမ်းမယိုင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်မှု၊ကိုယ်ပိုင်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ တွန်းအားပေးမှု၊ အနီးဝန်းကျင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း ဆက်ဆံရေးအား နက်ရှိုင်းကောင်းမွန်အောင် ဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီရန်နှင့် အတူ အပြန်အလှန် အခိုင်အမာ ထောက်ခံပေး၍ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းစသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်သလို နှစ်နိုင်ငံစလုံး၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့်အတူ ကဏ္ဍအသီးသီးတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးစီးပွားဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က တရားဝင် အဖွဲ့ဝင်အနေဖြင့် BRICS ခေါင်းဆောင်များ အစည်းအဝေးတွင် အီရန်နိုင်ငံ ပထမဆုံးအကြိမ် ပါဝင်ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အီရန်နှင့် အတူ BRICS စသည့် နိုင်ငံပေါင်းစုံ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်၊ ကမ္ဘတောင်ဘက်ခြမ်းနိုင်ငံများ၏ သြဇာလွှမ်းမိုးမှုနှင့် ပြောရေးဆိုခွင့်ကို တစ်ဆင့်တိုးမြှင့်တင်ရန်နှင့် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဆီသို့ တိုးတက်စေရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။
သမ္မတ ပါဇက်ရှ်ကီရမ်က တရုတ်နိုင်ငံသည် အီရန်၏ အရေးပါဆုံး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ကြောင်း၊ အီရန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်ရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်သည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ အပြန်အလှန် ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် သန့်စင်စွမ်းအင် စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်ရလဒ်များ ပိုမိုရရှိစေရေးအတွက် တွန်းအားပေးရန် အတူတကွ ကြိုးပမ်းလိုကြောင်း၊ ယင်းသည် အီရန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးမည်သာမက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မိမိတို့၏ အဓိကျသော အကျိုးစီးပွားနှင့်ဆက်စပ်သည့် ကိစ္စရပ်များတွင် အပြန်အလှန် ဆက်လက် ခိုင်မာစွာ ထောက်ခံအားပေးရန်နှင့် ဗိုလ်ကျလွှမ်းမိုးမှု၊ အနိုင်ကျင့်မှုများကို အတူတကွ ဆန့်ကျင်ရန် ဆန္ဒရှိနေကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် အီရန်၏တရားဝင်ပါဝင်မှုကို ထောက်ခံပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ BRICS နိုင်ငံများ စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထောက်ပြခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲများရပ်တန့်ရေးကို အမြန်ဆုံးဖော်ဆောင်ခြင်သည် ဒေသတွင်းတင်းမာမှုများကို ဖြေလျှော့ရန် သော့ချက်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စုပေါင်းအင်အားကို ဖော်ဆောင်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအဖွဲ့များ လက်တွေ့လိုက်နာဆောင်ရွက်ရန်၊ ဒေသတွင်း အခြေအနေ တစ်ဆင့်တိုး မငြိမ်မသက်ဖြစ်ခြင်းမှ ရှောင်ရှားရန် တိုက်တွန်းသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိ သည်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)
习近平会见伊朗总统佩泽希齐扬
新华社俄罗斯喀山10月23日电(记者赵嫣 安淑萍)当地时间10月23日下午,国家主席习近平在喀山出席金砖国家领导人会晤期间会见伊朗总统佩泽希齐扬。
习近平指出,伊朗是具有重要地区和国际影响的国家,也是中国的好朋友、好伙伴。在世界百年变局加速演进背景下,中伊关系的战略意义更加突显。无论国际和地区形势如何变化,中方都将毫不动摇发展同伊朗友好合作。中方支持伊朗维护好国家主权、安全和民族尊严,稳步推进自身经济社会发展,改善并深化同周边国家的睦邻友好关系。中方愿同伊方坚定相互支持,维护不干涉内政等国际关系基本准则,维护两国的正当权益。中方愿同伊方加强各领域交流合作,推动两国全面战略伙伴关系健康稳定发展,更好造福两国人民。
习近平祝贺并欢迎伊朗首次作为正式成员参加金砖国家领导人会晤,指出中方愿同伊方在金砖等多边框架内加强合作,进一步提升全球南方的影响力和发言权,推动国际秩序朝着更加公正合理的方向发展。
佩泽希齐扬表示,中国是伊朗最重要的合作伙伴,伊中全面战略伙伴关系及各领域合作保持良好发展势头。伊方希同中方共同努力,落实好两国全面合作计划,推动两国在互联互通、基础设施、清洁能源等领域深化合作,取得更多成果,这不仅将助力伊朗国家发展,也有助于促进地区和平与稳定。伊方愿同中方继续在涉及彼此核心利益问题上坚定相互支持,共同反对霸权霸凌。感谢中方支持伊朗正式加入金砖合作机制,期待同中方在金砖国家等多边平台密切协作。
双方还就当前中东地区形势交换意见。习近平指出,中方对当前中东地区局势深感忧虑。尽早实现加沙停火止战,是缓和地区局势紧张的关键。国际社会应该形成合力,敦促有关各方切实履行联合国安理会决议,避免地区局势进一步动荡。
蔡奇、王毅等参加会见。(完)
图说:当地时间10月23日下午,国家主席习近平在喀山出席金砖国家领导人会晤期间会见伊朗总统佩泽希齐扬。