China
ဝမ်ရိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီးတာဝန်ခံ Touhid Hossain တွေ့ဆုံဆွေနွေး

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးတာဝန်ခံ Touhid Hossain နှင့် အတူ ပေကျင်းမြို့တွင် တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။
ဝမ်ရိက ယခုနှစ်သည် တရုတ်- ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သလို “တရုတ်- ဘင်္ဂလားဒေ့ရှ် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှစ်” လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းသွားရန်၊ မဟာဗျူဟာမြောက် ဆွေးနွေးမှုကို အားဖြည့်ရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် ပူးတွဲတည်ဆောက်ရန်၊ တရုတ်- ဘင်္ဂလားဒေ့ရှ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာတို့အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခြင်းတို့အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
Touhid Hossain က တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတီစုံ ဘုံသဘောတူညီချက်ဖြစ်ပြီး အစိုးရအဆက်ဆက်နှင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရေးအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးတာဝန်ခံ Touhid Hossain တို့ ပေကျင်းမြို့၌ ဇန်နဝါရီ ၂၁ ရက်က တွေ့ဆုံဆွေနွေးခဲ့ကြစဉ် (ဆင်ဟွာ)
……………………….
(Chinese version)
王毅同孟加拉国临时政府外交负责人图希德会谈
新华社北京1月21日电(记者袁睿)1月21日,中共中央政治局委员、外交部长王毅在北京同孟加拉国临时政府外交负责人图希德举行会谈。
王毅说,今年是中孟建交50周年,也是“中孟人文交流年”。中方愿同孟方一道,赓续传统友谊,加强战略沟通,深化务实合作,高质量共建“一带一路”,推动中孟全面战略合作伙伴关系不断向前发展。中方支持孟方维护国家独立、主权和民族尊严,探索符合本国国情的发展道路。
图希德表示,对华友好关系是孟跨党派共识,得到历届政府和全体人民支持。孟方期待同中方推动两国关系迈上新台阶。(完)
图说1:1月21日,中共中央政治局委员、外交部长王毅在北京同孟加拉国临时政府外交负责人图希德举行会谈。 新华社记者 岳月伟 摄