Connect with us

Economy

အာရှ အလှဆုံး ခရီးသွားနေရာ ၅ဝ စာရင်းတွင် ဗီယက်နမ်နိုင်ငံ သုံးခုပါဝင်

ဗီယက်နမ် နိုင်ငံရှိ နာမည်ကျော် Hoi An ရှေးဟောင်းမြို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

Conde Nast Traveler (CNT) ခရီးသွား မဂ္ဂဇင်းမှ ရွေးချယ်သည့် အာရှတိုက်အတွင်း ခရီးသွားချင်စရာ အလှဆုံး နေရာ ၅ဝ စာရင်းတွင် ဗီယက်နမ် နိုင်ငံက ၃ နေရာ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စာရင်းထဲတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ စာပါ (Sapa) ၊ နိုင်ငံအလယ်ပိုင်းရှိ ဟွိုင်အမ် (Hoi An) ရှေးဟောင်းမြို့တော် နှင့် မြောက်ပိုင်းရှိ ဟလောင်ဘေ ( Ha Long Bay ) တို့ ပါဝင်ကြောင်း ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့၏ အွန်လိုင်း စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။
သန့်ရှင်း လတ်ဆတ်ပြီး အေးမြသော လေကောင်းလေသန့်များ တိုက်ခတ်နေသည့် ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း Lao Cai ပြည်နယ်တွင် တည်ရှိသော Sapa တောင်ကုန်းဒေသသည် လှပသော မြင်ကွင်းများနှင့် မတူကွဲပြားသော ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ ပေါကြွယ်ဝသော နေရာတစ်ခု ဖြစ်ကြောင်း CNT ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ပြိုင်တည်းမှာပင် Quang Nam ပြည်နယ်ရှိ ရွံ့ညွန်အိမ်များ၊ သစ်သား တံတားများဖြင့် တည်ဆောက်ထားသော ဟွိုင်အမ် ရှေးဟောင်း မြို့တော်သည် နိုင်ငံခြား ခရီးသွားများနှင့် ဗီယက်နမ် ပြည်တွင်းခရီးသွားများ အတွက် အမြဲ မှော်ဆန်သော မြို့တော်ကြီး ဖြစ်နေသည်။
ထို့ပြင် Quang Ninh ပြည်နယ် မြောက်ပိုင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဟလောင်ဘေ ကမ်းရိုးတမ်း တစ်လျှောက်၌ ပုံစံမျိုးစုံ ၊ အရွယ်အစားမျိုးစုံဖြင့် ကျွန်းငယ်ပေါင်း ထောင်ပေါင်းများစွာ တည်ရှိနေသည်။
အခြား အာရှ ခရီးသွားချင်စရာ အလှဆုံးနေရာ ၅ဝ စာရင်းထဲတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တားမြစ်မြို့တော် ( Forbidden city ) ၊ မဟာတံတိုင်း ၊ တိဗက်မြို့တော် လာဆာ ၊ တရုတ်နိုင်ငံ Guilin ရှိ ကျူရိုးပလွေ ကျောက်ဂူ (Reed Flute Cave) ၊ အိန္ဒိယနိုင်ငံရှိ တာ့ရှ်မဟာ ၊ လာအိုနိုင်ငံရှိ Laung Prabang ၊ တောင်ကိုးရီးယားနိုင်ငံရှိ ဂျေဂျူ ကျွန်း (Jeju) နှင့် မလေးရှားနိုင်ငံရှိ လန်ကာဝီ ကျွန်းများ ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.