Connect with us

Economy

တရုတ်ကြင်စဦးမောင်နှံများအတွက် ထိုင်းနိုင်ငံက အဖြူရောင် အချစ် ကမ်းခြေပါတီပွဲ စီစဉ်ပေး

ပျားရည်ဆန်း အဖြူရောင်အချစ်ကမ်းခြေ ပါတီပွဲတွင် ထိုင်းလှပျိုဖြူများက ဖျော်ဖြေတင်ဆက် ကပြသနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆမ်မွိုင်းကျွန်း ၊ ထိုင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT)သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံမှ ကြင်စဦး ဇနီးမောင်နှံ စုံတွဲ ၅၁ တွဲ အတွက် ပျားရည်ဆန်း အဖြူရောင်အချစ် ကမ်းခြေပါတီပွဲကို ဇွန် ၂၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆူရတ်ထိုင်း ပြည်နယ်ထဲတွင် အစီအစဉ်တစ်ခု ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

၎င်းမှာ တရုတ်နိုင်ငံသား ဇိမ်ခံခရီးသွားဧည့်သည်များအတွက် ရည်ရွယ်ပြီးပြုလုပ်ပေးသော “ ထိုင်းနိုင်ငံပျားရည်ဆန်းခရီးစဉ် လှုပ်ရှားမှု” အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခရီးစဉ်တစ်ခု၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၁၆ဝဝဝ မှ ၄ဝဝဝဝ ( အမေရိကန်ဒေါ်လာ ၂၄၅ဝ မှ ၆၁၂ဝ ) အထိရှိသည်။ တရုတ်နိုင်ငံတွင် TAT ရုံးခန်း ငါးခုဖွင့်လှစ်ကာ တရုတ်ခရီးသွားအေဂျင်စီများနှင့်ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး တရုတ်ကြင်စဦးဇနီးမောင်နှံများအတွက် ထိုင်းနိုင်ငံသည် ပျားရည်ဆန်းခရီးစဉ် အတွက်အကောင်းဆုံးနေရာဖြစ်ကြောင်းကို အသိပေးလှုံ့ဆော်ရေး အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။
အဆိုပါ ကမ်းခြေပါတီပွဲတွင် ဇနီးမောင်နှံအားလုံးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ ပါဝင်ဆင်နွှဲကြရသည်။ထို့ပြင် ၎င်းတို့၏ ဓာတ်ပုံ နှင့် ဗီဒီယို ကလစ်များကို တရုတ်နိုင်ငံရှိ လူမှုကွန်ရက်စာမျက်နှာများပေါ်တင်၍ Like အများဆုံးရသော စုံတွဲကို ခရီးစဉ် အစအဆုံးကုန်ကျစရိတ်ကို ဆုအဖြစ် ပြန်လည်ပေးအပ် ချီးမြင့်သည့် အစီအစဉ် တစ်ရပ်လည်းပါဝင်သည်။
တရုတ်နိုင်ငံသား ကြင်စဦးဇနီးမောင်နှံများအတွက် ရည်ရွယ်ပြီး ထိုင်းပျားရည်ဆန်းခရီးစဉ် ( honeymoon in Thailand) အစီအစဉ်ကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဆမ်မွိုင်းကျွန်းသည် ထိုင်းပင်လယ်ကွေ့တွင် တည်ရှိပြီး ဘန်ကောက်မြို့မှ ၅၆ဝ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း သိရသည်။ ၎င်းကျွန်းသည် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး ကျွန်းတစ်ကျွန်းလည်း ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.