Connect with us

Politics & Security

ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၉၇ ဦးအား မလေးရှားနိုင်ငံက ပြည်နှင်ဒဏ်ပေး

ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူများအား တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်လာပုံ (ဆင်ဟွာ)

ဂွမ်းဇူး ၊ မေ ၁ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်း မှ ၃၂ ဦးအပါအဝင် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၉၇ ဦးအား တရုတ်နိုင်ငံသို့ဧပြီ ၃ဝ ရက်က ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ သံသယရှိသူ ၉၇ ဦးသည် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇူးမြို့သို့ဒေသစံတော်ချိန် ည ၈ နာရီတွင်ရောက်ရှိလာကြပြီး ၎င်းတို့အားလုံးကို မျက်နှာဖုံး အနက်များဖြင့် ဖုံးအုပ်ကာ လက်ထိပ်များခတ်ထားသည်။
၂ဝ၁၆ ခုနှစ် မတ်လ နှောင်းပိုင်းတွင် မလေးရှားနိုင်ငံရဲတပ်ဖွဲ့ နှင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းကာ တရုတ်ပြည်မကိုဖြတ်ကျော်၍ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ထားသည့် အမှုပေါင်း ၅ ခုကို စုံးစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းဖြစ်စဉ်တွင် ပါဝင်သော တရုတ်လူမျိုး ၁၁၇ ဦးအားဖမ်းဆီးအရေးယူခဲ့သည်။ ၎င်းတို့အနက် ၆၅ ဦးမှာ တရုတ်ပြည်မ မှဖြစ်ပြီး ၅၂ ဦးမှာ ထိုင်ဝမ်ကျွန်းမှဖြစ်သည်။
အဆိုပါ ထိုင်ဝမ်ကျွန်းမှ ၅၂ ဦးအနက် ၂ဝ ဦးအား မလေးရှားရဲတပ်ဖွဲ့ဝင်များက ထိုင်ဝမ်အာဏာပိုင်များထံ ဧပြီ ၁၅ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသားအားလုံးကို တရုတ်ပြည်မသို့လွှဲပြောင်းပေးရန် တရုတ်အစိုးရက မလေးရှားအစိုးရထံ တောင်းဆိုထားသည်။ တရုတ်အစိုးရသည် အမှုဖြစ်စဉ်များကို ပူးပေါင်းကိုင်တွယ်သွားရန် ထိုင်ဝမ်ရဲတပ်ဖွဲ ့အားဖိတ်ခေါ်ထားကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန ( MPS ) အဆိုရ သိရသည်။
ပြီးခဲ့သော နှစ်များတွင် ဥပဒေဘက်တော်သား အရာရှိများအဖြစ် ဟန်ဆောင်၍ သမုဒ္ဒရာတွင်းနိုင်ငံများ ၊ အာဖရိက နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ တဆင့် တရုတ်နိုင်ငံပြည်မကြီးသို့ဖုန်းခေါ်ဆိုပြီး ငွေညှစ်သည့် ပြစ်မှုမျိုးကို ထိုင်ဝမ်ကျွန်းသားများက ဦးဆောင် ကျူးလွန်ခဲ့သည်ဟု သံသယရှိနေသည်။
ကင်ညာနိုင်ငံရဲတပ်ဖွဲ့က ထိုင်ဝမ်လူမျိုး ၄၅ ဦးအပါအဝင် ဆက်သွယ်ရေးလိမ်လည်သူအဖြစ် သံသယရှိသူ ၇၇ ဦး နှင့် အခြား အကျိုးတူလုပ်ငန်းစု နှစ်ခုကိုလည်း ဧပြီလအတွင်းက တရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည်။
မလေးရှားပြည်ထဲရေးဝန်ကြီးဌာန ( MPS ) ၏ ထုတ်ပြန်ချက်တွင် Guizhou ပြည်နယ် ၊ Duyun မြို့မှ မျိုးရိုးအမည် Yaung ဟုခေါ်တွင်သော ထိုင်ဝမ်လူမျိုးဦးဆောင်သည့် အကျိုးတူလုပ်ငန်းစုတစ်ခုသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက တရုတ်ယမ်ငွေ ၁၁၇ သန်း ( အမေရိကန်ဒေါ်လာ ၁၈ သန်း ) လိမ်လည်ခဲ့ကြောင်း ဖော်ပြထားသည်။
အလိမ်ခံရသူများထဲတွင် ရွှေ့ပြောင်းလုပ်သားများ ၊ ကျောင်းဆရာများ ၊ ကျောင်းသားများ နှင့် တရုတ်ပြည်မမှ သက်ကြီးရွယ်အိုများ ပါဝင်ပြီး ငွေကြေးပမာဏ အမြောက်အများ အလိမ်ခံလိုက်ရသူအချို့သည် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မကြာသေးခင် နှစ်များအတွင် တရုတ်နိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်ဝမ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူပေါင်း ၇၇ဝဝ ကျော်ကို ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူများတွင် အများစုမှာ ထိုင်ဝမ်ကျွန်းမှ ဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.