Connect with us

Politics & Security

တရုတ်နိုင်ငံသား ၁ ဦး နှင့် စပိန်နိုင်ငံသား ၂ ဦး မလေးရှားနိုင်ငံ ဆာဗားပြည်နယ်တွင် ပျောက်ဆုံးနေ

မလေးရှားနိုင်ငံ ဆာဗားပြည်နယ် ကမ်းရိုးတမ်းအားတွေ့ရပုံ (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ မေ ၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆာဗားပြည်နယ် ပင်လယ်ပြင်ထဲတွင် တရုတ်နိုင်ငံသား တစ်ဦး နှင့် စပိန် နိုင်ငံသား ၂ ဦး အပါအဝင် လူ ၄ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က မေလ ၃ ရက်တွင် ပြောကြားသည်။

ပျောက်ဆုံးနေသူ လေးဦးသည် မေလ ၂ ရက် ညနေပိုင်းက ဆာဗားပြည်နယ် Kudat မြို့မှ စပိဘုတ်ဖြင့် ပင်လယ်ထဲတွင် မောင်းနှင် လည်ပတ်ခဲ့ကြပြီး တည်ခိုရာ နေရာသို့ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ လူ ၄ ဦး ပျောက်ဆုံးနေကြောင်း တိုင်ကြားချက်ကို မေလ ၃ ရက်တွင် လက်ခံရရှိပြီးနောက် တာဝန်ရှိသူများသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အစီအစဉ်များ စတင် လုပ်ဆောင်ခဲ့သည်။ အမှုဖြစ်စဉ် နှင့်ပတ်သက်၍ ကောက်ချက်ချ နိုင်ခြင်း မရှိသေးကြောင်းနှင့် အခင်းဖြစ်ချိန်တွင် ပင်လယ်ပြင်၌ လှိုင်းလုံးအမြင့်သည် ဝ.၅ မီတာ မှ ၁ မီတာထိ ရှိနေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ပျောက်ဆုံးနေသော တရုတ်နိုင်ငံသားသည် ဆာဗားပြည်နယ်သို့ အားလပ်ရက် အလည်အပတ် ထွက်လာကြသည့် ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ဖြစ်ကြောင်း ဆာဗားပြည်နယ် Kota Kinabalu မြို့ရှိ တရုတ် ကောင်စစ်ဝန်ချုပ် က ဆင်ဟွာ သတင်းဌာနသို့အတည်ပြု ပြောကြားသည်။
တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများက ဟောင်ကောင်ရှိ ပျောက်ဆုံးနေသူ၏ မိသားစုဝင်များ ထံသို့အကြောင်းကြားထားကြောင်း နှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် တိုးမြှင့် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အနီးကပ် လက်တွဲ ဆောင်ရွက်လျက် ရှိကြောင်း ဆိုသည်။
အခင်းဖြစ်ပွားရာ ပင်လယ်ပြင်ပေါ်တွင် ရဟတ်ယာဉ်များနှင့် လေယာဉ်များဖြင့် ရှာဖွေရေး လုပ်ငန်းများ ပြုလုပ်နေပြီး ယခုအချိန်ထိ ပျောက်ဆုံးနေသူများအား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
ဘောနီယိုကျွန်း မြောက်ပိုင်းတွင် တည်ရှိသည့် ဆားဗားပြည်နယ်သည် မုတ်သုန်သစ်တောများနှင့် လှပသော ကမ်းခြေများဖြင့် ကမ္ဘာလှည့် ခရီးသွားများအား အထူးစွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ဖိလစ်ပိုင်နိုင်ငံတွင် စစ်သွေးကြွများအပေါ် စစ်ဆင်ရေးများ ပြုလုပ်နေသဖြင့် ဖိလစ်ပိုင် တောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာများတွင် မလေးရှား အာဏာပိုင်များက လုံခြုံရေး တပ်လှန့်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.