Connect with us

Politics & Security

ရေကြောင်းဆိုင်ရာ လွတ်လပ်ခွင့် အကြောင်းပြချက်ဖြင့် တောင်တရုတ်ပင်လယ်၌ စစ်ရေး လေ့ကျင့်ခွင့် မရှိကြောင်း ပညာရှင်ပြော

တောင်တရုတ်ပင်လယ်၌ သွားလာနေသော အမေရိကန် စစ်သင်္ဘောများအား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ရေကြောင်းဆိုင်ရာလွတ်လပ်ခွင့် အကြောင်းပြချက်ဖြင့် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများသည် တောင်တရုတ်ပင်လယ်၌ စစ်ရေး လေ့ကျင့်ခွင့် မရှိကြောင်း ပညာရှင်က တစ်ဦးက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တရုတ် ရေတပ်မတော် အကယ်ဒမီပညာသင်ကျောင်း နှင့် တရုတ်စစ်တပ် ဆိုင်ရာ အကြီးတန်း သုသေတန ပညာရှင် Zhang Junshe က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားရာတွင် တောင်တရုတ်ပင်လယ်တွင် နှစ်စဉ် သင်္ဘောစင်းရေ ၁ဝဝ,ဝဝဝ ကျော် ဖြတ်သန်း သွားလာနေကြောင်း နှင့် မည်သည့်သင်္ဘောကမျှ ရေကြောင်းဆိုင်ရာ လွတ်လပ်ခွင့်အတွက် စောဒကတက်၍ တိုင်တမ်းမှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်းပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ တွင် (Think Tank Seminar on South China Sea and Regional Cooperation and Development) Zhang က အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်၌ စစ်အင်အားကို အလွန်အကျွံ တိုးချဲ့လျက်ရှိရာ “ တည်ငြိမ်မှု နှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရေး” ထက် တင်းမာမှုကို ပို၍ တွန်းအားပေးလျက် ရှိနေကြောင်း ပြောကြားခဲ့သည်။
“ ပြင်ပနိုင်ငံတွေက ဒေသတွင်းမှာ တင်းမာမှုတွေ တိုးပွားလာအောင် ပြုလုပ်ပြီး နှုတ်ဆက် ထွက်ခွာသွားမှာပေါ့။ ဒါပေမယ့် အကျိုးဆက်က သက်ဆိုင်ရာ နိုင်ငံတွေကို အမှန်တကယ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေလိမ့်မယ်” ဟု အဆိုပါ ပညာရှင်က ဆိုသည်။
ထို့ပြင် Zhang က တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများ အနေဖြင့် မကြာမီက အီရတ်နိုင်ငံအပေါ် စစ်ရေး ကျူးကျော်ခဲ့သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အသေအချာ လေ့လာသင့်ကြောင်းနှင့် အမေရိကန် နိုင်ငံအား အလွန်အကျွံ အညံ့ခံခြင်းသည် အန္တရာယ်ကို ပို၍ တိုးပွားစေကြောင်း သတိပြု ပြောကြားခဲ့သည်။
ယခုလ အစောပိုင်းက ဗြိတိန်နိုင်ငံ အစိုးရအရာရှိ (ဟောင်း) John Chiloct ၏ ထုတ်ပြန်ချက်တွင် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့ဝင်များ နှင့် ဗြိတိန်တပ်ဖွဲ့ဝင်များသည် မှားယွင်းသော ထောက်လှမ်းရေး သတင်းများဖြင့် အီရတ်နိုင်ငံအား ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း နှင့် စစ်ပွဲလွန်ကာလအတွက် လုံလောက်သော ပြင်ဆင်မှု မရှိခြင်းသည် အပြစ်အနာအဆာများ ဖြစ်ကြောင်း ရေးသား ဖော်ထုတ်ခဲ့သည်။
တရုတ်အရေး ကျွမ်းကျင်ပညာရှင်က အမေရိကန်နိုင်ငံနှင့် ၎င်း၏ အပေါင်းပါနိုင်ငံများ အနေဖြင့် ဒေသတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပြီး ရန်စနေသည့် လုပ်ရပ်ကို ရပ်ဆိုင်းရမည် ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ စစ်တပ်အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို အသေအချာ ကာကွယ်မှာ ဖြစ်သလို ကာကွယ်ခွင့်လည်း အပြည့်အဝ ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.