Connect with us

Politics & Security

ဗီယက်နမ်၌ ပထမ နှစ်ဝက်အတွင်း အစိုးရဝန်ထမ်း တစ်သောင်းကျော် အလုပ်ထုတ်ခံရ

ဗီယက်နမ်နိုင်ငံ အလံအား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ၌ အစိုးရ လစာပေးမှု လျှော့ချရေး အစီအစဉ်အနေဖြင့် ၂ဝ၁၆ ခုနှစ် ပထမ နှစ်ဝက်အတွင်း အစိုးရ ဝန်ထမ်း ၁ဝ,ဝဝ၄ ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ဗီယက်နမ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး Le Vinh Tan က ဇူလိုင်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

အလုပ်ထုတ်ပယ်ခြင်း ခံရသူများမှာ ဗီယက်နမ် နိုင်ငံအတွင်းရှိ အစိုးရ ဝန်ကြီးဌာန ၁၈ ခုနှင့် ပြည်တွင်း အစိုးရဌာန ၆၁ ခုမှ ဝန်ထမ်းများ ဖြစ်ကြောင်း ဗီယက်နမ် စစ်တပ်သတင်းစာက သတင်း ဖော်ပြသည်။
ဗီယက်နမ် နိုင်ငံတွင် ဝန်ထမ်း စီမံခန့်ခွဲမှုစနစ် လျှော့ချရေး အစီအစဉ်ဖြင့် ၂ဝ၁၅ ခုနှစ်မှ ယနေ့အထိ အစိုးရဝန်ထမ်းများကို လျှော့ချလာခဲ့ရာ စုစုပေါင်း ၁၅,၇၇၉ ဦးထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ် နိုင်ငံ၌ အစိုးရ ဝန်ထမ်းပေါင်း ၂.၆ သန်းကျော် ရှိနေသည်။
ပြီးခဲ့သော ကာလအတွင်း ဗီယက်နမ် အစိုးရဝန်ထမ်း လျှော့ချရေး အစီအစဉ်များ လုပ်ဆောင်ခဲ့သော်လည်း သတ်မှတ် အရေအတွက် ပြည့်မီခြင်း မရှိသေးကြောင်း ဗီယက်နမ် ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ ဗီယက်နမ် အစိုးရက အစိုးရဝန်ထမ်း စုစုပေါင်း၏ ၁.၅ ရာခိုင်နှုန်းနှင့် ညီမျှမည့် နိုင်ငံ့ဝန်ထမ်း ၄ဝ,ဝဝဝ ကို နှစ်စဉ် လျှော့ချသွားရန် ရည်မှန်း ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.