Connect with us

Politics & Security

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွင် တာဝန်ထမ်းဆောင်ရန် ဗီယက်နမ်က အမျိုးသမီး စစ်သမီးများအား စေလွှတ်မည်

ဗီယက်နမ် အမျိုးသမီး စစ်တပ်အရာရှိများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တောင်ဆူဒန်နှင့် အာဖရိက အလယ်ပိုင်း ၌ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် အတွက် အမျိုးသမီးစစ်တပ် အရာရှိများကို စေလွှတ်သွားမည်ဟု ဗီယက်နမ် ငြိမ်းချမ်းရေး စင်တာက ဇူလိုင်လ ၇ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ဗီယက်နမ် အမျိုးသမီး အရာရှိများ အနေဖြင့် စွမ်းဆောင်ရည် ပြည့်မီကြောင်း ငြိမ်းချမ်းရေး စင်တာ ညွှန်ကြားရေးမှူး Hoang Kim Phung ၏ ပြောဆိုချက်ကို ကိုးကားပြီး Quan Doi Nhan Dan ပြည်သူ့စစ်သတင်းစာက ဖော်ပြသည်။
အဆိုပါ စင်တာသည် အမျိုးသမီး အရာရှိများကို အဓိကထား လေ့ကျင့်ပေးသော နေရာတစ်ခု ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် အတွက် ကုလသမဂ္ဂ အဖွဲ့က လိုအပ်သော နေရာနှင့် စွမ်းဆောင်ရည်များကို စိစစ်လျက် ရှိကြောင်း ၊ ၂ဝ၁၇ ခုနှစ် အစောပိုင်း (သို့မဟုတ်) ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း လောက်တွင် တာဝန်များ စတင် ထမ်းဆောင်ရန် ဖြစ်နိုင်ကြောင်း Hoang က ဖြည့်စွက် ပြောကြားသည်။
၂ဝ၁၄ ခုနှစ်မှ စတင်ကာ ဗီယက်နမ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စင်တာသည် အာဖရိက အလယ်ပိုင်း နှင့် တောင်ဆူဒန် နိုင်ငံများတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ဆောင်ရန် အရာရှိ ခုနှစ်ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ် နိုင်ငံသည် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်အတွက် လိုအပ်ပါက အင်ဂျင်နီယာ တပ်ခွဲတစ်ခွဲ နှင့် အဆင့်-၂ ရှိ စစ်မြေပြင် ဆေးရုံများ တပ်ဖြန့်ချသွားရန် ပြင်ဆင်မှုများလည်း လုပ်ဆောင်နေကြောင်း Quan Doi Nhan Dan သတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.