Connect with us

Politics & Security

ဗီယက်နမ် ပြည်တွင်းဖြစ် ရေငုတ်သင်္ဘောငယ် ကို ရေချ

ဗီယက်နမ်ပြည်တွင်းထုတ် ရေငုပ်သင်္ဘောငယ်အားရေချနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ဗီယက်နမ် စက်ဆရာများကိုယ်တိုင် တီထွင်ဖန်တီးထားသော ပုဂ္ဂလိကရေငုပ်သင်္ဘောငယ် တစ်စင်းကို ဇူလိုင် ၃ ရက်တွင် ရေချ ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါ ရေငုပ် သင်္ဘောငယ်ကို ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပင်လယ်ပြင်ထဲသို့ ဇူလိုင် ၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ရေချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းရေငုပ်သင်္ဘောငယ်အား ဗီယက်နမ်ရေတပ်မှ စစ်သင်္ဘောများခြံရံပြီး ရေချခဲ့ခြင်းဖြစ်ကြောင်း Tien Phong အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ၏ စိစစ်အကဲဖြတ်ရေးကောင်စီက ရေငုပ်သင်္ဘောငယ်၏ ရေပေါ်ရေအောက် နာရီအတန်ကြာစမ်းသပ်မောင်းနှင်မှုကို စောင့်ကြည့်အကဲဖြတ်ခဲ့ကြောင်းသိရသည်။ ရေငုပ်သင်္ဘောငယ် တီထွင်ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် Nguyen Quoc Hoa က ပြောကြားရာတွင် ၎င်းရေငုပ်သင်္ဘောငယ်အား ရေကန်ငယ် နှင့် ရေကန်ကြီးများထဲ၌ ဆယ်ကြိမ်တိတိ စမ်းသပ်မောင်းနှင်းခဲ့ကြောင်း ဆိုသည်။ထို့ပြင်ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ရေပေါ်မောင်းနှင်ခြင်း ၊ ရေငုတ်ခြင်း ၊ စက်ဝိုင်းပုံမောင်းနှင်ခြင်း ၊ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ခြင်း နှင့် လက်ကိုင်ထိန်းချုပ်မောင်းနှင်ခြင်း အစီအစဉ် များကို နှစ်ရက်တိုင်တိုင် စမ်းသပ်စစ်ဆေး၍ အောင်မြင်ခဲ့ကြောင်း ဆိုသည်။
ဟနွိုင်းမြို့၏ အရှေ့တောင်ဖက် ၁၁ဝ ကီလိုမီတာအကွာ ၊ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Thai Binh ပြည်နယ် အခြေစိုက် အင်ဂျင်နီယာကုမ္ပဏီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Hoa က ရေငုတ်သင်္ဘောငယ်တည်ဆောက်ရေးကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက်တစ်နှစ်အကြာတွင် Hoa နှင့် ၎င်း၏ အင်ဂျင်နီယာအဖွဲ့သည် ယခုတီထွင်ထားသည့် ရေငုပ်သင်္ဘောငယ်ထက် ပို၍ အလုပ်လုပ်နိုင်ပြီး ပို၍ သေးငယ်သော ဒုတိယရေငုပ်သင်္ဘောငယ်တစ်စင်းကို ထပ်မံထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Hoa ၏ ဒီဇိုင်းပုံစံအရ အဆိုပါရေငုပ်သင်္ဘောငယ်ကိုယ်ထည်ကို သံမဏိဖြင့်တည်ဆောက်ထားပြီး အလေးချိန်မှာ ၉ တန်ကျော်ရှိသည်။ ၎င်းသင်္ဘောသည် ပင်လယ်ရေအောက် အနက် ၅ဝ မီတာတွင် တစ်နာရီလျှင် ရေမိုင် ၁၅ မိုင်ထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ထို့ပြင် သင်္ဘောပေါ်တွင် လူနှစ်ဦးလိုက်ပါနိုင်ပြီး သုံးရက်၊သုံးညတိတိ ရေငုပ်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.