Connect with us

Politics & Security

ထိုင်းစစ်ဖက် ရဟတ်ယာဉ် ပျက်ကျမှုတွင် သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိထား

ရဟတ်ယာဉ် ပျက်ကျသွားသည့် နေရာအား ထိုင်းလေတပ်မှ တာဝန်ရှိသူများက မြေပုံညွှန်းဖြင့် ရှင်းပြနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း၌ ဇွန်လ ၂၅ ရက်က ပျောက်ဆုံးသွားသော ရဟတ်ယာဉ်မှာ ပျက်ကျခဲ့ခြင်းသာ ဖြစ်ကြောင်း နှင့် လိုက်ပါသွားသူ သုံးဦး၏ ရုပ်အလောင်းများကို ရဟတ်ယာဉ် အပျက်အစီး ပုံထဲတွင် ရှာဖွေတွေ့ရှိထားကြောင်း ထိုင်းပြည်တွင်း သတင်းမီဒီယာများက ဖော်ပြသည်။

ရှာဖွေရေးအဖွဲ့သည် ၎င်းရဟတ်ယာဉ်ပျက်အား Khao Chamao တောင်ကုန်းပေါ်၌ ဇွန်လ ၂၈ ရက် ၊ ဒေသ စံတော်ချိန် ၁ဝ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Thairath သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူများမှာ ရဟတ်ယာဉ်မှူး နှစ်ဦးနှင့် ပြုပြင်ထိန်းသိမ်းရေး အရာရှိ တစ်ဦး ဖြစ်ကြောင်း သိရသည်။
ထိုင်းလေတပ်မှ လေကြောင်း ထိန်းချုပ်ရေး တပ်မှူး Suttipong Inseeyong က မိုးရွာသွန်းနေခြင်းကြောင့် သေဆုံးသွားကြသူများ၏ ရုပ်အလောင်းများကို ရဟတ်ယာဉ် ပျက်ကျသွားသည့် Khao Chamao တောင်ကုန်းမှ ပြန်လယ် သယ်ဆောင်နိုင်ရန် အချိန်ယူရမည် ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ရဟတ်ယာဉ်သည် လေတပ် ရေဒါစခန်းအတွက် ထောက်ပံ့ရေး ပစ္စည်းများ သယ်ပို့ပေးရန် Rayong နှင့် Chanthaburi ပြည်နယ် နှစ်ခုကြားရှိ Khao Chamao-Khao Wong အမျိုးသား ဥယျာဉ်ပေါ် ဖြတ်ကျော် ပျံသန်းနေစဉ် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117