Connect with us

Politics & Security

တရုတ်နှင့် အာဆီယံ နိုင်ငံရေး ယုံကြည်မှု တိုးမြှင့်ကာ နီးကပ်သည့် ဘုံအသိုက်အဝန်းအား တည်ဆောက်ရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဘက်စုံ ယုံကြည်မှု တိုးမြှင့်ခြင်း၊ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းခြင်း နှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်- အာဆီယံ ဆက်ဆံရေးအားမြှင့်တင်သွားရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယင်းမှတ်ချက်အား ဝမ်ရိက လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ပြုလုပ်သည့် ၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နှင့် တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်- အာဆီယံ ဆက်ဆံရေး တိုးတက်မှုအတွက် ထိုင်းနိုင်ငံ၏ ပါဝင်မှုအား ကျေးဇူးတင်ကြောင်း၊ တရုတ်- အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးအား အဆင့်မြှင့်တင်ရာတွင် အတူတကွ လုပ်ဆောင်သင့်ကြောင်းနှင့် ၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ် သည့် တရုတ်- အာဆီယံ ဆက်ဆံရေး တည်ထောင်ခြင်း၏ အခွင့်အလမ်းရယူရန် ဝမ်ရိက ပြောကြားခဲ့သည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Pramudwinai က အာဆီနှင့် တရုတ်၏ ခိုင်မာသည့် ဆက်ဆံရေးအား ရင်ဝယ်ပိုက် ကာ နှစ်ဦးနှစ်ဘက် အကျိုးရှိမည့် အခြေအနေနှင့် ခိုင်မာသည့် ဖွံ့ဖြိုးမှုရရှိစေရန် အတူတကွ လုပ်ဆောင်သင့် ကြောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းအား ပူးတွဲပြီး ကျယ်ပြန့်စွာ အကောင် အထည်ဖော်ရေးနှင့် ဆွေးနွေးညှိနှိုင်းမှုမှတဆင့် အငြင်းပွားမှုအား ငြိမ်းချမ်းစွာဖြေရှင်းရန် အတွက် တိုက်ရိုက် ဆက်စပ်လျက် ရှိသော အဖွဲ့အစည်းများ ထောက်ပံ့ပေးရန် အရေးကြီးသည့် အချိန်အခါ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နှင့် တရုတ်တို့၏ နှစ်နိုင်ငံ ဆွေးနွေးမည့် ကိစ္စအား ထိုင်းနိုင်ငံက ကြိုဆိုကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းအား ကျယ်ပြန့်စွာ ဆက်လက် အကောင် အထည်ဖော်သင့်ကြောင်း တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်အတွက် ဆွေးနွေး ညှိနှိုင်းမှုများအား အရှိန်မြှင့်တင်သင့်ကြောင်းနှင့် ဒေသတွင် တည်ငြိမ်ရေးအား ထိန်းသိမ်းသင့်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Pramudwinai က ပြောသည်။
ထို့ပြင် ဝမ်ရိသည် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan နှင့်လည်း တွေ့ဆုံခဲ့ပြီး တရုတ်- အာဆီယံ ဆက်ဆံရေးတွင် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံတစ်ခု ဖြစ်သည့် စင်ကာပူနှင့် အတူတကွ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၊ တရုတ်နှင့် အာဆီယံသည် နိုင်ငံရေး ယုံကြည်မှု၊ ဒေသတွင်း လုံခြုံရေးအား ထိန်းသိမ်းကာ နီးကပ်သည့် ဘုံအသိုက်အဝန်း တစ်ခု တည်ထောင်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Balakrishnan က စိန်ခေါ်မှုများစွာ ရှိနေသော်လည်း တရုတ်- အာဆီယံ ဆက် ဆံရေးသည် အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ကောင်းမွန် တိုးတက်သည့် ဆက်ဆံရေးအား နှောင့်ယှက်ဖြစ်စေမည့် အငြင်းပွားမှုများအား ခွင့်မပြုသင့်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှတဆင့် သဘောတူညီချက်များ ရရှိအောင် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.