Connect with us

Politics & Security

(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

အာဆီယံဝန်ကြီးများ အစည်းအဝေး တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်တွင် အာဆီယံ စွမ်းအင်ကဏ္ဍ၌ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ (၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပရမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တတိယအကြိမ် ကြိုတင် ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဒေါ်ခင်ခင်အေးထံမှ သိရသည်။

အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိလည်းကောင်း၊ အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အထူးအစည်း အဝေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့ အထိလည်းကောင်း နေပြည်တော်တွင် အသီးသီး ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.