Connect with us

Politics & Security

ကမ္ဘောဒီးယား နှင့်လာအို နှစ်နိုင်ငံ နယ်နိမိတ်တွင် ထန်းအပင် ၁ဝ,ဝဝဝ စိုက်ပျိုးမည်

ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မြေပုံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လာအိုနိုင်ငံနှင့် အလျား၂၂၄ ကီလိုမီတာ အရှည် နယ်နိမိတ်ချင်း ထိစပ်နေသည့် Stung Treng ပြည်နယ်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ အမှတ်သညာ ဖြစ်သော ထန်းပင်ပေါင်း ၁ဝ,ဝဝဝ ကျော်ကို လာမည့် ၅ နှစ်အတွင်း စိုက်ပျိုးသွားမည်ဟု ကမ္ဘောဒီးယား ဒေးလီး သတင်းစာက ဇွန်လ ၈ ရက်တွင် သတင်းဖော်ပြသည်။

ထန်းပင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အမှတ်လက္ခဏာ တစ်ခု ဖြစ်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Mom Saroeun က ဦးဆောင်ပြီး ရဲ ၊ စစ်သား နှင့် ကျောင်းသား လူငယ်များဖြင့် ပထမဆင့် အနေဖြင့် အရှည် ၃ဝ ကီလိုမီတာ တစ်လျှောက်တွင် ထန်းစေ့ချ စိုက်ပျိုးမှုများကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Stung Treng ကျေးလက် ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူးMinh Sidchay ကဆိုသည်။ ထန်းပင်ပေါင်း ၁ဝ,ဝဝဝ ပြည့်သည် အထိ နယ်နိမိတ် မျဉ်းတစ်လျှောက်တွင် တစ်နှစ်လျှင် အရှည် ၅ဝ ကီလိုမီတာကို နှစ်စဉ် စိုက်ပျိုးသွားမည်ဟု Sidchay က ဆိုသည်။
“ ပြည်သူတွေ ထန်းပင်စိုက်ကြဖို့ ဦးဆောင်ဦးရွက်လုပ်ပြတဲ့ ပထမအဆင့် ခြေလှမ်းပါ။ လာအို နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Stung Treng ပြည်နယ်ရဲ့ နယ်နိမိတ်မျဉ်း တစ်လျှောက်မှာ ထန်းပင်တွေ အပြည့် စိုက်ပျိုးနိုင်အောင် တဆင့်ပြီး တဆင့် လုပ်သွားပါမယ်” ဟု ၎င်းက ဆက်ပြောသည်။
“ ထန်းပင် ဟာ ခမာတွေရဲ့ အမှတ်အသားပါ။ ခမာတွေရဲ့ ဝိဉာဉ်ပဲလေ။ ထန်းပင်ဟာ သန်မာတယ်။ ကြီးထွားတယ်။ ရာသီဥတုဒဏ်လည်း ခံနိုင်တယ်” ဟု Sidchay က ပြောသည်။ ထို့ပြင် ထန်းပင်များသည် နှစ်သက်စဖွယ် ကောင်းသည့်အပြင် ထန်းစေ့များမှာလည်း ဈေးနှုန်းချိုသာကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.