Connect with us

Politics & Security

ထိုင်းနိုင်ငံ၌ လူထုဆန္ဒခံယူပွဲ မဲရုံများ အနီးတွင် Pokemon Go ဂိမ်းကစားခြင်းမပြုရန် တားမြစ်မိန့်ထုတ်

Pokemon Go ဂိမ်းကစားနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊သြဂုတ် ၇ (ဆင်ဟွာ)

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကျင်းပရေးတာဝန်ရှိသူများသည် လူထုဆန္ဒခံယူပွဲပြုလုပ်မည့် မဲရုံအနီးတစ်ဝိုက်တွင် ထိုင်းပြည်သူများအနေဖြင့် လက်တလောထိုင်းနိုင်ငံ၌ လူကြိုက်များနေသည့် Pokemon Go ဖုန်းအပလီကေးရှင်းဂိန်းများ ဆော့ကစားခြင်းမပြုလုပ်ရန် နှင့် မဲရုံအတွင်း၌ အဆိုပါ ဂိမ်းများဆော့ကစားခြင်း ပြုလုပ်ပါက ဥပဒေအရ တရားဝင်မည်မဟုတ်ကြောင်း သြဂုတ် ၇ ရက်တွင် သတိပေးပြောကြားလိုက်သည်။

“ ကျေးဇူးပြုပြီး မဲရုံအနီးမှာ Pokemon ဂိမ်းကစားတာတွေ မလုပ်ကြပါနဲ့” ဟု ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Somchai Srisuttiyakorn က ပြောဆိုလိုက်ပြီး မဲရုံအရှေ့တွင် အဆိုပါ ဂိမ်းများဆော့ကစားခြင်းက ပြည်သူများအား အနှောက်အယှက်ပေးရာရောက်သဖြင့် ရှောင်ရှားကြပါရန် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။
Somchai က မဲရုံများတွင် ဂိမ်းဆော့ကစားခြင်းသည် လူထုဆန္ဒခံယူပွဲဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထပ်မံပြောကြားသည်။ ထို့ပြင် မဲရုံ စတင်ဖွင့် လှစ်သည့် သြဂုတ် ၆ ရက် ညနေ ၆ နာရီ မှ သြဂုတ် ၇ ရက် သန်းခေါင်ယံ ၁၂ နာရီအတွင်း အရက်သေစားသောက်စားခြင်း ၊ ရောင်းဝယ်ခြင်း နှင့် အရက်သောက်ရန် ဖိတ်ခေါ်ခြင်းများပင်လျင် တရားမဝင်ကြောင်း သတိပေးခဲ့သည်။
ထို့ပြင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနေချိန်တွင် မိမိတို့၏ စမတ်ဖုန်းများဖြင့် selfie ရိုက်ခြင်းများမပြုလုပ်ကြရန် Somchai က သတိပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအားထောက်ခံကြောင်း လူထုဆန္ဒခံယူပွဲ နှင့် ပြန်လှန်မေးမြန်းမှုများကို သြဂုတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင်ပြုလုပ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံတစ်ဝန်းတွင် မဲရုံ စုစုပေါင်း ၉၄ဝဝဝ ရှိကြောင်း သိရသည်။
မဲပေးချိန်မှာ ၈ နာရီရှိမည်ဖြစ်ပြီး မဲရုံအားလုံးသည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ပိတ်သိမ်းသွားမည်ဖြစ်သည်။ တရားဝင်အတည်ပြုခြင်းမဟုတ်သေးသည့် မဲရလဒ်များမှာ ဒေသစံတော်ချိန် ည ၉ နာရီတွင် ထုတ်ပြန်သွားဖွယ်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ၏ပြောဆိုချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.