Connect with us

Social & Culture

ထိုင်းနိုင်ငံ ကော့စမုံကျွန်းတွင် သြင်္ကန်ကာလ လုံခြုံရေး တိုးမြှင့်မည်

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့စမုံ ကျွန်းအား ကောင်ကင်ယံမှ မြင်တွေ့ရစဉ် ( ဓာတ်ပုံ - အင်တာနက် )

ဘန်ကောက် ၊ ဧပြီ ၁၁ ရက် ( ဆင်ဟွာ )

သြင်္ကန် ကာလတွင် ထိုင်းနိုင်ငံရှိ နာမည်ကျော် ကော့စမုံ (Koh Samui ) ကျွန်းသို့ခရီးသည် အများအပြား လာရောက် လည်ပတ်ကြမည်ဟု မျှော်လင့်ထားပြီး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကျွန်းလုံခြုံရေး အတွက် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကော့စမုံ ရေကြောင်း ရဲအရာရှိ ဒုတိယ ဗိုလ်မှူးကြီး Akrawat Sitanabun-ubon က လုံခြုံရေး တိုးမြှင့်မည့် အစီအစဉ်သည် ကော့စမုံကျွန်း တစ်ခုထဲ၌ သာမကဘဲ အနီးအနား တစ်ဝိုက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်း စူရက်ဌာနီ ( Surat Thani ) ပြည်နယ် အတွင်းမှ ကော့ပငန် ( Koh Pa-ngan ) ကျွန်းတွင်လည်း လုပ်ဆောင်သွားရန် ရှိကြောင်း ပြောခဲ့သည်။ ထို့ပြင် ကမ်းခြေနှင့် ကျွန်းများအကြား မိနစ် ၃ဝ အကွာ ခရီးအတွက် မောင်းနှင်သွားလာနေကြသည့် ဒါဇင်ပေါင်းများစွာသော စက်လှေများ၏ လုံခြုံရေးကိုလည်း တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ အထူးသဖြင့် သြင်္ကန်အားလပ်ရက်မှာ ကော့စမုံကျွန်း နဲ့ကော့ပငန် ကျွန်း တွေကို လာလည်ကြမယ့် ဧည့်သည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကျနော်တို့တိုးမြှင့် လုပ်ဆောင်နေပါတယ်။ စက်လှေတွေ ကောင်းကောင်း မောင်းနှင်နိုင်ဖို့၊ သံသယဖြစ်ဖွယ် လူတွေကို စောင့်ကြည့်ဖို့၊ သင်္ဘောတွေပေါ်မှာ ကားဖြစ်ဖြစ် တခြား အသုံးအဆောင်တွေ ဖြစ်ဖြစ် တင်မလာနိုင်အောင် စိစစ်ဖို့နဲ့တွေ့ခဲ့ရင်လည်း အဝေးကို ဖယ်ရှားပစ်ဖို့စတာတွေ လုပ်ဆောင်သွားမှာပါ” ဟု ရဲအရာရှိကြီးက ဆိုသည်။
ထို့ပြင် ခရီးသည်တင် စက်လှေများ ၊ စပိဘုတ်များ နှင့် သင်္ဘောသားများ အသုံးပြုသည့် အပေါ့စား ဆိုင်ကယ်များ အပါအဝင် အားလုံးကို လုံခြုံရေးအရ စစ်ဆေးသွားမှာဖြစ်သလို အသက်ကယ် အင်္ကျ ီနှင့် အသက်ကယ် လှေများ အသုံးပြု၍ ရ ၊ မရကိုလည်း စစ်ဆေးသွားမည်ဟု ဆိုသည်။
ဟိုတယ်ပိုင်ရှင်များ နှင့် ဝန်ထမ်းများ ၊ အပန်းဖြေစခန်းမှတာဝန်ရှိသူများ ၊ စားသောက်ဆိုင် နှင့် ကျွန်းပေါ်ရှိ အခြား ခရီးသည်များ တည်ခိုနိုင်သည့် နေရာများမှ ပိုင်ရှင်များအားလုံးသည် အရေးအကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အာဏာပိုင်များအား အကူအညီပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသည်ဟု ရေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထိုင်းနိုင်ငံတွင် ၅ ရက်ကြာ ကျင်းပမည့် သြင်္ကန် ( Songkran ) ပွဲတော်ကို ပါဝင်ဆင်နွှဲရန် ဥရောပတိုက်သား နှင့် အခြားနိုင်ငံခြားသားများ နည်းတူ တရုတ်နိုင်ငံသား အများအပြားလည်း လာရောက်ကြရန် ရှိနေသည်။ ထိုင်းပင်လယ်ကွေ့တွင် တည်ရှိနေသည့် ဖူးခက်ကျွန်း နှင့် အက်ဒမန် ပင်လယ်တွင်းမှ ထိုင်းကျွန်းစုများသည်လည်း သြင်္ကန်ပွဲတော် ကာလအတွင်း ကမ္ဘာလှည့် ခရီးသွားများအား အဓိက ဆွဲဆောင်ထားနိုင်သည့် နေရာများဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.