Connect with us

Business

မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ကျပ်၂,၂၂၀,၀၀၀ အထိ စံချိန်တင်မြင့်တက်

ရွှေဆိုင်တစ်ဆိုင်တွင်ခင်းထားသည့် ရွှေလက်ကောက်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ၁,၉၃၀,၀၀၀ ကျပ်မှ ၂,၂၂၀,၀၀၀ ကျပ် အထိ ၄ ရက်အတွင်း ၂၉၀,၀၀၀ ကျပ် တက်သွားခဲ့ကြောင်း ၊ ပြင်ပတွင်ဒေါ်လာဈေးမြင့်တက်လျက်ရှိပြီး ရွှေဝယ်လိုအားများနေသော ကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင်ပြောသည်။

“ရွှေဈေးကွက်မှာ ဝယ်တဲ့သူတွေကြီးပဲ။ ရောင်းတဲ့သူမရှိဘူး။ ရွှေအသင်းမှာဆိုရင်လည်း အရင်က ရောင်းမယ့်သူက ရွှေကိုင်ဈေးဖွင့်ပြီး ရောင်းတာ။ အခုက အဲ့လိုမဟုတ်ဘူး ဝယ်မယ့်သူက ဘယ်ဈေးပေးမယ်ဆိုပြီး ဈေးဖွင့်ပြီးဝယ်တာ။ အဝယ်က များနေတယ်။ ဒေါ်လာကဆွဲတင်လို့ ရွှေဈေးက လိုက်တက်သွားတာ။ကမ္ဘာ့ရွှေဈေးကတော့ တက်လိုက်ကျလိုက်ပဲ။ ဒေါ်လာဈေးပြုတ်ကျတာ နဲ့ ဝုန်းဆိုပြန်ပြုတ်ကျမှာပါ။’’ ဟု ဦးမျိုးမြင့်ကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ရွှေဈေးနှုန်းတည်ငြိမ်ဖို့အတွက် ရွှေတွေကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ဖို့ နဲ့ နယ်က ရွှေကုန်ကြမ်းတွေ ရောက်ရှိဖို့ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် နယ်ကရွှေကုန်ကြမ်းများများဝင်ဖို့ ဆောင်ရွက်နေပါတယ်။ ရွှေကပြန်ကျမှာပါ။ဒေါ်လာကျတာ နဲ့ ရွှေက ပြန်ကျမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။

စက်တင်ဘာ ၂၈ ရက် ညနေဘက်တွင် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၂,၂၂၀,၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၇၄၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။

ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117