Connect with us

China

ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်ရွှေတူးဖော်သူများအတွက် သမိုင်းဝင်အခွင့်အလမ်းများ လမ်းဖွင့်ပေး

တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်ရေးလုပ်ငန်း တစ်ခုမှ ရွှေတုံးများအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

တျန်ကျင်း၊ အောက်တိုဘာ ၂၃ရက် (ဆင်ဟွာ)

လာမည့်နှစ်များတွင် ရွှေဈေး ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသော်လည်း ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုသည် တရုတ်ရွှေတူးဖော်သူများအား သမိုင်းဝင် အခွင့်အလမ်းများကို ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း တရုတ်အမျိုးသား ရွှေလုပ်ငန်း ကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ စုန့်ရှင်း မှ ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း တျန်ကျင်းမြို့တွင် အောက်တိုဘာ ၂၃ရက်နေ့က ပြုလုပ်ခဲ့သည့် သတ္တုတူးဖော်မှု လုပ်ငန်းဆိုင်ရာ ညီလာခံ၌ စုန့် မှ လာမည့်နှစ်အနည်းငယ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း များအတွက် ကုန်ကျစရိတ်များမှာ မြင့်တက်လာသော်လည်း ကမ္ဘာ့ရွှေဈေးမှာ ကျဆင်းသွားနိုင်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး တစ်လျောက် နိုင်ငံအားလုံး ရှိ သဘာဝရွှေသိုက်များတွင် ရွှေပမာဏတန်ချိန် ၂၁၀၀၀ တန် တည်ရှိနေပြီး ယင်းပမာဏသည် ကမ္ဘာရွှေသိုက် များ၏ ၄၁.၅ ရာခိုင်နှုန်းရှိသောကြောင့် ခေတ်သစ်ပိုးလမ်းမကြီးသည် ရွှေလုပ်ငန်းကြီးထွားလာစေရန် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း စုန့် မှပြောကြားခဲ့သည်။ ကမ္ဘာအကြီးဆုံး ရွှေတွင်း ခြောက်ခုသည် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျောက်ရှိ နိုင်ငံများတွင် တည်ရှိကြောင်းသိရသည်။

စုန့်မှ တရုတ်ရွှေတူးဖော်သူများအနေဖြင့် ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့နေရပြီး ယင်းအခက်အခဲများကို ခေတ်သစ်ပိုးလမ်းမကြီး တစ်လျောက်ရှိ ရွှေတွင်းများ ကြွယ်ဝသည့် နိုင်ငံများ က ဖြည့်စွတ် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း နှင့် ထိုသို့လုပ်ဆောင်ပေးနိုင်ခြင်းသည် တရုတ်ရွှေလုပ်ငန်း အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုသည် စီးပွားရေးဆိုင်ရာ ပိုးလမ်းမကြီးနှင့် ၂၁ရာစု ရေကြောင်းပိုးလမ်းမကြီး တို့ကို ကိုယ်စားပြုပြီး ၎င်းတို့ကို ဖော်ဆောင်နိုင်ရန် တရုတ်သမ္မတ ရှီကျင့်ဖိန် မှ ၂၀၁၃ခုနှစ်တွင် ခေတ်ဟောင်း ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည် ရှင်သန်လာစေရန် ရည်ရွယ်ချက်ဖြင့် အကြံပေးကမ်းလှမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုးလမ်းမကြီးသည် လူဦးရေ စုစုပေါင်း ၄.၄ ဘီလီယံရှိသည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်ကို ဖြတ်ကျော် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)