Connect with us

China

တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းမှ လန်ဒန်မြို့ အပန်းဖြေ ဥယျာဉ်တွင် အမေရိကန် ဒေါ်လာ ၁၅၆ သန်း ရင်းနှီးမြှုပ်နှံမည်

လန်ဒန် ပါရာမောင့် အပန်းဖြေစခန်း 3D ပုံစံငယ် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ အောက်တိုဘာလ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆိုင်နိုင်ဖော်တုန်း အုပ်စု ကုမ္ပဏီမှ ကန့်စီရင်စု အတွင်းရှိ အပန်းဖြေ စခန်းသစ် တစ်ခုဖြစ်သည့် လန်ဒန် ပါရာမောင့် အပန်းဖြေစခန်း အတွက် ပေါင်စတာလင် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၁၅၆သန်း) ရင်းနှီးမြှုပ်နှံရန် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ကြောင်းသိရသည်။

ပါရာမောင့် အပန်းဖြေစခန်းတွင် ဟော်တယ်များ၊ စားသောက်ဆိုင်များ၊ ဘားများ နှင့် အခြား ဖျော်ဖြေရေး ကဏ္ဍများ ပါဝင်ပြီး စခန်း တည်ဆောက်မှု ကုန်ကျစရိတ် စတာလင်ပေါင် ၃.၂ ဘီလီယံ ရှိကာ ၂၀၂၁ ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

ကလိုင်းဝေါ့က် ဘန်စန် ပုဂ္ဂလိကဘဏ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့ ခေါင်းဆောင် နိုင်ဂျယ် စပရေးက အဆိုပါ အပန်းဖြေ စခန်းတွင် ဟောလိဝုဒ်၏ အကောင်းဆုံး ပါရာမောင့် ရုပ်ရှင် ထုတ်လုပ်ရေး၊ ဗြိတိန်၏ အကောင်းဆုံး ဘီဘီစီနှင့် အာ့ထ်မန် ရုပ်ရှင် ထုတ်လုပ်ရေးတို့၏ ပါဝင် အားဖြည့်မှု နှင့် ယခုအခါ တရုတ်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်နိုဖော်တုန်း အုပ်စုလည်း ပါဝင်လာကြောင်း ပြောကြားခဲ့သည်။ဆိုင်နိုဖော်တုန်း အုပ်စုသည် ဟောင်ကောင် အခြေစိုက် ဆိုင်နိုလင့်ခ် အုပ်စုနှင့် လျောင်းနင် ဖော်တုန်း အုပ်စု တို့၏ အကျိုးတူ ဖက်စပ် လုပ်ငန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117