Connect with us

Local

စတော့ အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်မည့် ပထမ ပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာ ဈေးနှုန်းများ ထုတ်ပြန်

ရန်ကုန် စတော့ အိတ်ချိန်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် ပထမ ပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာ ဈေးနှုန်းများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၉,၀၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX မှ ယနေ့ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပထမ ပုဂ္ဂလိကဘဏ်(FPB)၏ အစုရှယ်ယာများအား ဇန်နဝါရီ ၂၀ ရက်မှ စတင် ရောင်းချသွားမည် ဖြစ်ရာ ယနေ့တွင် ကြမ်းခင်းဈေး သတ်မှတ်ချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဈေးကွက် အတွင်း ရောင်းချရာတွင် ကြမ်းခင်းဈေးအပေါ် မူတည်၍ ရှယ်ယာ တစ်စုလျှင် အနိမ့်ဆုံး ကျပ် ၃၄,၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၄,၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်း(YSX)၌ ပထမ ပုဂ္ဂလိကဘဏ်သည် စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး လက်ရှိတွင် FMI ၊ သီလဝါ အထူး စီးပွားရေးဇုန်နှင့် MCB ဘဏ်တို့ ဝင်ရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပထမ ပုဂ္ဂလိကဘဏ်သည် ၂ဝ၁၇ ခုနှစ် အတွင်း ရန်ကုန် စတော့အိတ်ချိန်း၏ ပထမဆုံး စာရင်းဝင်ခွင့် ရပြီး ရှယ်ယာများ ရောင်းဝယ်ခွင့်ရသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.