Connect with us

Local

ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှု တစ်လခွဲခန့်ယာယီ ဆိုင်းငံ့ထားပြီး ပြည်တွင်း၌ ပိုလျှံပါက သတ်မှတ်ကာလထက် စော၍ ပြန်လည် တင်ပို့မည်

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနှံ့ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရသည့်အတွက် ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုကို လက်ရှိကာလမှ စတင်၍ စက်တင်ဘာလ ၁၅ ရက်အထိ တစ်လခွဲခန့်ခေတ္တ ယာယီ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသော်လည်း ပြည်တွင်း၌ ပိုလျှံပါက ယခု သတ်မှတ်ထားသည့် ကာလထက် စောပြီး ပြန်လည်တင်ပို့ခြင်းကို ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းမှ သိရသည်။

ပြည်ပသို့ဆန်တင်ပို့မှုကို ခေတ္တ ဆိုင်းငံ့ ထားရှိရန် နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားရန် ယနေ့မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ပြီး ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကို လက်ရှိကာလမှ စတင်၍ စက်တင်ဘာလ ၁၅ ရက်အထိ ခေတ္တယာယီ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသော်လည်း အခြေအနေပေါ် မှုတည်၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ ဆန်ဈေးတည်ငြိမ်ပြီး ပြည်တွင်း၌ ပိုလျှံပါက ယခု သတ်မှတ်ထားသည့် ကာလထက် စောပြီး ပြန်လည်တင်ပို့ခြင်းကို ပြုလုပ်မည် ဖြစ်ပြီး ဆန်ဈေး မြင့်တက်ပြီး ပြည်တွင်း၌ ဖူလုံမှု မရှိပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိအနေအထားတွင် ပြည်တွင်း၌ ဆန်စပါး လုံလောက်မှု မရှိပါကလည်း ပြည်ပမှ ပြန်လည် တင်ပို့ရန် သက်ဆိုင်ရာသို့ကြိုတင် တင်ပြထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့် နှစ်က တန်ချိန် ၁ . ၈၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117