Connect with us

Local

ညောင်တုန်း ရေနံ ဓာတ်ငွေ့ရည် စက်ရုံကို ပုဂ္ဂလိက နှင့် ဖက်စပ် ပူးပေါင်း လုပ်ကိုင်ရန် နိုင်ငံတကာ ကုမ္ပဏီ ၁၁ ခုအား အကြို ရွေးချယ်မှု ပြုလုပ်ထား

စွမ်းအင် ဝန်ကြီး ဌာန တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOE)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

စွမ်းအင် ဝန်ကြီး ဌာန လက်အောက်ရှိ ညောင်တုန်း ရေနံ ဓာတ်ငွေ့ရည် စက်ရုံကို ပုဂ္ဂလိက နှင့် ဖက်စပ် ပူးပေါင်း လုပ်ကိုင်ရန် ဆောင်ရွက်လျှက် ရှိရာ လာရောက်လျှောက်ထားသည့် ကုမ္ပဏီများ အနက်မှ သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသည့် နိုင်ငံတကာ ကုမ္ပဏီ ၁၁ ခုကို အကြို ရွေးချယ်မှု ပြုလုပ်ထားကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

စွမ်းအင် ဝန်ကြီးဌာနမှ အကြို ရွေးချယ်ထားသည့် နိုင်ငံတကာ ကုမ္ပဏီ ၁၁ ခုသည် တင်ဒါ အဆိုပြုလွှာများကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ပြီး ယင်းနိုင်ငံတကာ ကုမ္ပဏီ ၁၁ ခုမှာ Mitsui & Co.,Ltd,Japan ၊ PTT Public Co.,Ltd,Thailand ၊ NK Co.,Ltd,Korea ၊ Sojitz Corporation,Japan ၊ PT Titis Sampurna,Indonesia ၊ PUMA Energy Group Pte.,Ltd,Singapore ၊ SPEC Energy DMCC,UAE ၊ Langfang CNPC Huayu Petro-chemical Engineering Co.,Ltd,China ၊ Goldfarm(International),China-Hongkong ၊ Andaman Capital Partners,Hongkong နှင့် MyanAmer Energy,LLC.,USA တို့ဖြစ်ကြောင်း သိရသည်။

ညောင်တုန်း ရေနံ ဓာတ်ငွေ့ရည် စက်ရုံကို ပုဂ္ဂလိက နှင့် ဖက်စပ် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ရန် စွမ်းအင် ဝန်ကြီးဌာနမှ ကနဦး အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းရန် ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၂ ခုမှ အဆိုပြုလွှာများ လာရောက် တင်သွင်းခဲ့ပြီး ယင်း ကုမ္ပဏီ များအနက်မှ သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသည့် ကုမ္ပဏီ ၁၁ ခုကို နောက်ဆုံး အဆင့် တင်ဒါတင်သွင်းရန် ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)