Connect with us

Local

တစ်ဒေါ်လာ ၁၃၀၅ ကျပ်အထိ ဒေါ်လာဈေးတက်

မြန်မာကျပ်ငွေ နှင့် ဒေါ်လာတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဒေါ်လာဈေးက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တစ်ဒေါ်လာကို ၁၂၈၇ ကျပ် မှ တစ်ဒေါ်လာကို ၁၃၀၅ ကျပ် အထိ ၁၈ ကျပ် ဈေးတက်လာခဲ့ကြောင်းသိရသည်။ တစ်ဒေါ်လာကို ၁၂၈၇ ကျပ်မှ တအိအိ ဆက်တိုက် တက်ခဲ့ပြီး ယနေ့ တစ်ဒေါ်လာကို ၁၃၀၅ ကျပ်နှင့် ဈေးပိတ်ခဲ့သည်။ ဗဟိုဘဏ်မှ ယနေ့ ညနေတွင် တစ်ဒေါ်လာ ၁၃၀၂ ကျပ် နှင့် ဈေးပိတ်ခဲ့သည်။

ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ အဓိက က လက်ရှိမှာ ဒေါ်လာက ဝယ်လိုအားရှိနေတယ်၊ ကမ္ဘာ့ရွှေဈေးက ကျတယ်၊ ဒါကြောင့် ဒေါ်လာဈေးက တက်တာပါ’’ ဟု ဆင်ဟွာကို ပြောကြားခဲ့သည်။
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၀၈၅ ဒေါ်လာကနေ ဒီဇင်ဘာ ၁၅ ရက်ညနေဘက်တွင် တစ်အောင်စကို ၁၀၆၃ ဒေါ်လာ အထိ ဈေးကျခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117