Connect with us

Local

ယခုနှစ် နိုဝင်ဘာလအထိ ခရီးသွားလုပ်ငန်း ကုမ္ပဏီ နှစ်ထောင် နီးပါးခန့် ရှိလာ

ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ယခုနှစ် နိုဝင်ဘာလအထိ ခရီးသွားလုပ်ငန်း ကုမ္ပဏီ နှစ်ထောင် နီးပါးခန့် ရှိလာပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ ထုတ်ပြန်သည့်စာရင်းဇယားအရသိရသည်။

ယခုနှစ် နိုဝင်ဘာလအထိ တစ်နိုင်ငံလုံး၌ နိုင်ငံသားပိုင် ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၈၈၂ ခု၊ နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင် ဖက်စပ်ကုမ္ပဏီ ၃၉ ခုနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတစ်ခု စုစုပေါင်းခရီးသွား ကုမ္ပဏီ ၁၉၂၂ ခုရှိလာပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်က ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၆၇ဝ ခု ရှိခဲ့ရာ ယခုနှစ်တွင် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၃ဝ၂ ခု တိုးတက်လာကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလအထိ တစ်နိုင်ငံလုံး၌ ဟိုတယ်အလုံးပေါင်း ၁၂၆၇ လုံး၊ အခန်းပေါင်း ၄၉,၅၈၄ ခန်းအထိ ရှိလာပြီဖြစ်ရာ လာရောက်မည့် ဧည့်သည်များအတွက် အခန်းလိုအပ်ချက်များ လုံလောက်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.