Connect with us

Local

မြန်မာနိုင်ငံ၏ သတ္တု တူးဖော်ရေး လုပ်ငန်းတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၈ ခု လုပ်ကိုင်ခွင့် ရရှိ

ကချင်ပြည်နယ် မြစ်ဆုံ ဧရိယာတဝိုက် တစ်ပိုင်တစ်နိုင် ရွှေရှာ ဖွေတူးဖော်သူများ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သတ္တု တူးဖော်ရေး လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၈ ခု လုပ်ကိုင်ခွင့် ရရှိကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

တရားဝင် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ၏ သတ္တု လုပ်ငန်းတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် စမ်းသပ် တူးဖော် လုပ်ကိုင်ခွင့် ရှိသူ ၂,၄၁၀ ကျော်ရှိပြီး သတ္တု တူးဖော်ရေး လုပ်ငန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် လာရောက် မြှုပ်နှံသည့် ပြည်ပ နိုင်ငံများမှာ သြစတြေးလျ၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှား၊ ဂျပန် နှင့် စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြား ကုမ္ပဏီများကို သံ၊ သံဖြူ၊ ခဲ၊ သွပ်၊ နီကယ်၊ ခနောက်စိမ်း၊ ကြေးနီ၊ မာဘယ်ကျောက်၊ ရွှေတူးဖော်ခြင်း လုပ်ငန်း နှင့် ပုလဲ မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ပြီး ၊ ယခင်က ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ပြည်တွင်း လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လက်ရှိတွင် ရွှေတူးဖော်ခွင့် ရရှိသည့် ပြည်ပ ကုမ္ပဏီများ ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လုပ်ကိုင်ခွင့် ချပေးထားသည့် နိုင်ငံခြား ကုမ္ပဏီ ၁၈ ခုတွင် အကြီးစား သတ္တုတူး ဖော်ရေး လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ ၇ ခု၊ ဖြစ်မြောက်နိုင်စွမ်း နှင့် စမ်းသပ် လုပ်ကိုင်ခွင့်အား ကုမ္ပဏီ ခြောက်ခု၊ ပုလဲ မွေးမြူရေး အတွက် ကုမ္ပဏီ လေးခုကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီ တစ်ခုအား ကျောက်မျက်ရတနာ အလှဆင် လုပ်ငန်းတစ်ခု လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.