Connect with us

Local

မြန်မာ့မီးရထားမှ လူစီးရထားထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ ၏ ချေးငွေဖြင့် စတင်ဆောင်ရွက်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် လက်ရှိပြေးဆွဲနေသော ရထားတစ်စီးကိုတွေ့ရစဉ်။(ဆင်ဟွာ)

ရန်ကုန်၊သြဂုတ်၇ရက်(ဆင်ဟွာ)

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား အနေဖြင့် ပြည်တွင်းတွင် မီးရထား စက်ခေါင်းများ နှင့် လူစီးတွဲများအားထုတ်လုပ်နိုင်ရေးအတွက် စက်ခေါင်းစက်ရုံသစ်(နေပြည်တော်) နှင့် လူစီးတွဲထုတ်လုပ်ရေး စက်ရုံသစ်(မြစ်ငယ်) တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ချေးငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခုအချိန်တွင် လူစီးရထားတွဲ ထုတ်လုပ်ရေး စက်ရုံသစ်စီမံကိန်းအား စတင်ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းပြီးဆုံးပါက အဆိုပါစက်ရုံသစ်မှ ၁နှစ်လျှင် အဆင့်မြင့်လူစီးရထားတွဲ ၁၂၀ တွဲ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် လူစီးရထားတွဲများ ထုတ်လုပ်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အဆင့်မြင့်လူစီးတွဲ နှင့် စက်ခေါင်းများ ထုတ်လုပ်နေသော SIF ANG Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ရာ လိုအပ်သော လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နိုင်ရန်အတွက် မြစ်ငယ်စက်ရုံမှ ဦးမြင့်ဇော် (အင်ဂျင်နီယားမှုး/စက်မှု) ဦးဆောင်သော အဖွဲ့ဝင် ၂၄ ဦးပါအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၆ရက်နေ့တွင် စတင် ထွက်ခွါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသားများသည် မြစ်ငယ်၌ လူစီးတွဲထုတ်လုပ်ရေး စက်ရုံသစ် တည်ဆောက်ပြီးချိန်တွင် တရုတ်ပညာရှင်များ နှင့် ပူးပေါင်းကာ လူစီးတွဲများကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)