Connect with us

Local

ရန်ကုန်မြို့တွင် ကော်ဖီပြပွဲကျင်းပမည်

မြန်မာနိုင်ငံတွင်း စိုက်ပျိုးထားသော ကော်ဖီပင်အားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြား သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံကော်ဖီအသင်းနှင့် Winrock International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့် နိုင်ငံတကာ အဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်းရှိ ဟိုတယ်များ၊ စားသောက် ဆိုင်များ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် အများပြည်သူများ သိရှိစိတ်ဝင်စားလာစေရန် ပြပွဲကျင်းပခြင်းဖြစ်သည်။

အဆိုပါ ပြပွဲကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ကော်ဖီ အရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း(Coffee Quality Institute -CQI)မှ ကော်ဖီပညာရှင်များလည်း ပါဝင်ကူညီမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် ကော်ဖီအရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း (CQI) နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ပူးပေါင်း၍ ကော်ဖီစိုက်ပျိုးသူများကို ကော်ဖီထုတ်လုပ်မှု နည်းစနစ်များ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ အမေရိကန်ပြည်ထောင်စု အတ္တလန္တာမြို့၌ ကျင်းပသည့် ကော်ဖီပြပွဲတွင်လည်း မြန်မာ့ကော်ဖီကို သွားရောက်ပြသခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.