Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြု

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိ ကန်ဒေါ်လာ ၉.၄၇၄ သန်းနှင့် မြန်မာကျပ်ငွေ ၂၀၂၄.၄၁၆ သန်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်ဒေသ၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၆ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၂ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၃.၈၄၄ သန်းနှင့် မြန်မာကျပ်ငွေ ၁၃၇၄၃.၆၃၆ သန်း ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.