Connect with us

Local

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ဘီလီယံ ကျော် ရရှိခဲ့ဟုဆို

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်း ရှင်များ၏ (၁၅)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ဘီလီယံ ကျော် ရရှိခဲ့ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်း ရှင်များ၏ (၁၅)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ၌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည်။

ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ အထိ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ဘီလီယံ ကျော် ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန် ဒေါ်လာ (၄) ဘီလီယံကျော်ခန့် ပိုမိုကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှဆောင်ရွက်မှုသည် အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံကျော် ပါဝင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်မှုရာခိုင်နှုန်းသည်၈၃ရာခိုင်နှုန်းဖြစ်သဖြင့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အရေးပါကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် ၂၀၁၇ – ၂၀၁၈ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ ဆန်တန်ချိန် ၃ဒသမ၁၃ သန်းအထိတင်ပို့နိုင်ခဲ့သည့်အတွက် ယခုနှစ်ဆန်တင်ပို့နိုင်မှုသည် နှစ်ပေါင်း(၇၀)အတွင်း အမြင့်ဆုံး စံချိန်အဖြစ်တွေ့ရှိရကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေကပြောသည်။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေးအတွက် ပါအဓိကကျကြောင်း၊ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း(၉၀) ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိကကဏ္ဍဖြစ်သည့်အပြင် ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်သော ကဏ္ဍဖြစ်သည့်အားလျော်စွာ အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများကို လုပ်သာကိုင်သာရှိအောင် ဖြေလျှော့ပေးခြင်း၊ အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး မြှင့်တင်ခြင်း၊ ငွေကြေးဈေးကွက်ဖွံ့ဖြိုးရေးနှင့် ကုန်စည်ဈေးကွက် ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်းနည်းပညာနှင့် ကျွမ်းကျင် မှုနည်း ပညာများ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်အပါအဝင်အခြေခံ အဆောက် အအုံလိုအပ်ချက်များ ဖြည့်ဆည်းခြင်းစသည့်လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်း ၎င်းကဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117