Connect with us

Local

ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ(B4P)ကို ရန်ကုန် စီးပွားရေး တက္ကသိုလ် ကူညီမည်

ရန်ကုန် စီးပွားရေးတက္ကသိုလ်၌ B4P ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မည့်လုပ်ငန်းစဉ် Business for Peace (B4P) ကို ပညာရေးကဏ္ဍက ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု စသည့် မဟာဝိဇ္ဇာတန်းများ အားလုံးတွင် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ပိုင်းနှင့် လူမှုရေးတာဝန်များကို ထည့်သွင်းသင်ကြားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တက္ကသိုလ်အနေဖြင့် ရှမ်းပြည်နယ်မှ ကျေးရွာများနှင့် အခြား ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ဒေသများ၏ လူမှုစီးပွားရေးလိုအပ်ချက်များကို လေ့လာမှုများ နှင့် အကြံပြုချက်စာတမ်းများ ပြုစု နေသည်များရှိကြောင်း ၊ အထူးသဖြင့် ပဋိပက္ခလွန်ဒေသများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည့် ဒေသများတွင် စီးပွားရေးလုပ်ငန်းများက ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည့် သုတေသန နှင့် လေ့လာမှုများကို ဆောင်ရွက်ရန် ရှေ့ဆက် လုပ်ငန်းစဉ် အဖြစ် ရည်ရွယ်ထားကြောင်း သိရသည်။

စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ တက္ကသိုလ်များ၊ ကျောင်းများတွင် တာဝန်ကျေသော စီမံခန့်ခွဲမှုဆိုင်ရာ ပညာရေး (Responsible Management Education – RME) ထည့်သွင်း သင်ကြားရန် လိုအပ်ကြောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဇွန် ၃ ရက်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် United Nations Global Compact (UNGC) Network Myanmar, ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းများသို့ သွားရောက်ခဲ့ကာ ဒေသခံလုပ်ငန်းရှင်များ Business for Peace တွင် ပါဝင်လာစေရေး ဆွေးနွေးဖိတ်ခေါ်ခဲ့ပြီး၊ ဇွန် ၃ ရက်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၌ B4P ကို မိတ်ဆက် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.